MMU News

MMU News

မြင်းမူမြို့ထဲမှ ထွက်လာသော စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

 

D Day News

မတ်လ ၃၁

 

စစ်ကိုင်းတိုင်း၊မြင်းမူမြို့ထဲမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Dog Killers People’s Defence Force Myinmu တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၃၀ ရက် နေ့က မြင်းမူမြို့ထဲမှ ဝမ်းပြည့်ကျေးရွာဘက်သို့ ထွက်လာသော အကြမ်း ဖက်စစ်ကြောင်းကို မြင်းမူမြို့နှင့် ဝမ်းပြည့်ကျေးရွာ ကြားတောတွင်းတနေရာမှ ကင်းပုန်းဝပ်ပြီး ၄၀ မမ ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး အများအ ပြား ထိခိုက်ဒဏ်ရာရရှိကာ မြင်းမူမြို့တွင်းသို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

 

“ရှေ့ကင်း ၃ ကောင်ကို ၄၀ မမနဲ့ ပစ်လိုက်တာ အနားကို ကျပြီးတော့ ၂ ကောင်နေရာမှာပဲ လဲကျသွား တယ်၊ နောက်ပြီးတော့ လက်နက်ငယ်တွေနဲ့ တရစပ်ဝိုင်းပစ်ခဲ့ကြတာ၊ အပြန်အလှန်ပစ်တိုက်ပွဲက မိနစ် ၃၀ လောက်ကြာခဲ့ပါတယ်။ သေဆုံးစစ်ခွေးတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို မြင်းမူမြို့ထဲ သယ် သွားတယ်။ စစ်ခွေးတွေက ညညပိုင်းတွေမှာလည်း လက်နက်ကြီးတွေနဲ့ ရမ်း သမ်းပစ်နေတာရှိပါ တယ်၊ ဆက်တိုက်ကို ပစ်နေတာပါပဲ။” ဟု Dog Killers People’s Defence Force Myinmu တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

https://youtu.be/z6V2YfKAHwg

ယင်းတိုက်ပွဲအတွင်းသို့ ဝမ်းပြည့်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများက လက်နက် ကြီးများဖြင့်ပစ်ခတ်ကာ အင်အား အများအပြားဖြင့် စစ်ကူရောက်ရှိလာသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu (DK PDF-MMU) ၊ မြင်းမူ မြို့နယ် အနောက်ခြမ်း ပ.က.ဖ၊ Knightcommanders တပ်ခွဲ ၂ နှင့် မုန်တိုင်း (MMU) စသည့် မဟာ မိတ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးရန်လာသည့် စစ်ကြောင်းကို ဖြတ်တိုက်ခိုက်မှု စစ်သား ၃၀ ကျော် သေဆုံး၊ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၁   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးရန်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများ...