mmmmmmmmmmm

mmmmmmmmmmm

ပခုက္ကူနှင့်မြိုင်မြို့နယ်တို့တွင် ရဲစခန်း၊ ပျူရွာနှင့်စစ်ကြောင်းကို ဒရုန်း၊မိုင်းတို့ ဖြင့် တိုက်ခိုက်၊ရဲ ၁ ဦး သေဆုံး (ရုပ်သံ)

D Day News

မတ်လ ၁၂

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့်မြိုင်မြို့နယ်တို့တွင် ရဲစခန်း၊ ပျူးစောထီးကျေးရွာနှင့် အကြမ်းဖက်စစ် တပ်စစ်ကြောင်းတို့ကို ဒရုန်း၊ မိုင်းတို့ဖြင့် ဗုံးကျဲ၊ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးပြီး အများအ ပြားဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

မတ်လ ၈ ရက်နေ့ ည ၉ နာရီ မိနစ် ၃၀ အချိန်ခန့်က မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းကို Fixed Wings Drone များဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး မတ်လ ၉ ရက် နံနက် ၈ နာရီ မိနစ် ၃၀ ခန့်တွင် အဆိုပါ ရဲစခန်းကို Fixed Wings Drone များဖြင့် မီးလောင်ဗုံး ၄ လုံး၊ ဗုံးသီး ၄ လုံး ထပ်မံ ကျဲချတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

ထို့အပြင် မတ်လ ၉ ရက် နံနက် အစောပိုင်း ၁ နာရီခန့်တွင် မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာကို Fixed Wings Drone များဖြင့် မီးလောင်ဗုံး ၃ လုံး၊ ရိုးရိုး ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကာ အကြမ်း ဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

https://youtu.be/SRPe2yD5YpU

အဆိုပါ တိုက်ခိုက်မှုကို မြိုင် U.A.V Drone တပ်ဖွဲ့၊ M.P.L တိုက်နယ် ၄ ပကဖ၊ တိုက်နယ် ၃ ပကဖ၊ Earthquake Defance Force နှင့် နဂါးနီ တပ်ခွဲ ၁ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မတ်လ ၉ ရက် နံနက် ၉ နာရီခန့်က ပခုက္ကူမြို့နယ်၊ ငဖောင်ခံကျေးရွာအနီး၌ တပ်ထောက်ခံပွဲ ပြု လုပ်ရန် လမ်းကင်းလာစောင့်ပေးသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို အီနာဂါဗုံးသီး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးအပြင်းအထန် ဒဏ်ရာရရှိပြီး ပျူစောထီး ၂ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ထို့နောက် ပခုက္ကူ – ပေါက် လမ်းဘေး ယူကလစ်ကုန်း၌ လုံခြုံရေးစောင့်နေသော အကြမ်းဖက် စစ် သား ၂၀ ခန့်ကို အီနာဂါဗုံးသီး ၆ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး ထိခိုက်ဒဏ် ရာရရှိပြီး ၎င်းတို့ကို နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် ပခုက္ကူဆေးရုံသို့ အိမ်စီးကားဖြင့် သယ် ဆောင်ကာ တပ်ဆုတ်သွားကြောင်း သိရသည်။

 

မတ်လ ၁၀ ရက် နံနက် ၉ နာရီမိနစ် ၃၀ အချိန်ခန့်တွင် မြိုင်မြို့နယ်၊ တွင်းမပျူရွာမြောက်ဘက်ရှိ အကြမ်းဖက်စစ်သားများကို အီနာဂါဗုံးသီးအကြီး ၇ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မတ်လ ၈ ရက် ည ၁၀ နာရီခန့်မှ မတ်လ ၉ ရက် နံနက်အစောပိုင်း ၂ နာရီ မိနစ် ၂၀ ခန့်အထိ ပခုက္ကူ မြို့နယ်၊ ကမ္မရဲစခန်းကို ဒရုန်းဖြင့် အီနာဂါဗုံးသီး အလုံး ၂၀ ခန့် ကျဲချတိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး သေ ဆုံး ပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မတ် ၉ ရက် နံနက် ၈ နာရီမိနစ် ၃၀ အချိန်တွင် ပခုက္ကူမြို့နယ်၊ ကျပ်ထိုးနယ်မြေရဲစခန်းကို ဒရုန်းဖြင့် အီနာဂါဗုံးသီး အလုံး ၂၀ ခန့်ထပ်မံကျဲချတိုက်ခိုက်ခဲ့ရာ ရဲများ ဒဏ်ရာရရှိခဲ့ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

ယနေ့ မတ်လ ၁၁ ရက် နံနက် ၁၀ နာရီကျော်အချိန်က မြိုင်မြို့နယ်၊ တွင်းမပျူရွာနှင့် သရက်ကန် ပျူရွာမှ ထွက်ခွာလာသော အင်အား ၄၀၀ ကျော်ပါ ခမရ ၂၅၁ ၊ ၂၅၆ ၊ ၂၅၈ ၊ တပ်မ ၁၀၁ နှင့်ကျောက် ခွက် ရေနံမြေရဲစခန်းမှ ရဲ၊ စစ်သားပူးပေါင်း စစ်ကြောင်းကို မိုင်းပွိုင့် ၅ ပွိုင့် မိုင်း ၂၁ လုံးဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားဒဏ်ရာရရှိပြီး ညနေ ၅ နာ ရီ ၁၀ မိနစ်တွင် ကမ္မမြို့ထဲသို့ ဝင်ရောက်သွားကြောင်း သိရသည်။

 

 

အဆိုပါ တိုက်ခိုက်မှုများကို မြိုင်ပကဖ တပ်ရင်း ၁ တပ်ခွဲ ၁ ဂဠုန်၊ တပ်ခွဲ ၄ စင်္ကြာ ၊ ဝံပုလွေ ပျောက် ကြားတပ်ဖွဲ့၊ Myaing Worries ၊ MRTF ၊ Cobra၊ Young Force ၊ Black Cheetah ၊ Super Fighter ၊ MRDF ၊ ပေါက် ပကဖ၊ ဧရာအနောက် တပ်ဖွဲ့ ၊ ကင်တိုတပ်ဖွဲ့၊ PKU သူရိန် ၊ DMG တပ်ဖွဲ့ ၊ အလင်း တန်း ပြောက်ကြားတပ်ဖွဲ့၊ Earthquake Defense Force ၊ ကမ္မတပ်ပေါင်းစုများ ဖြစ်သော KMDF ၊ PDF ကမ္မ နှင့် ပခုက္ကူခရိုင် တပ်ရင်း ၁၀ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးရန်လာသည့် စစ်ကြောင်းကို ဖြတ်တိုက်ခိုက်မှု စစ်သား ၃၀ ကျော် သေဆုံး၊ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၁   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးရန်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများ...