Minkin News

Minkin News

မင်းကင်းမြို့နယ်၊ တုမရကျေးရွာနေပြည်သူ ၆ ဦးကို အကြမ်းဖက်စစ်သား၊ ပျူစောထီးများက ဖမ်းဆီး သတ်ဖြတ်မှု ၅ ဦးသေဆုံးပြီး ၁ ဦးကို ကယ်တင်နိုင်

 

D Day News

ဇူလိုင်လ ၂၁

 

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တုမရကျေးရွာနေပြည်သူ ၆ ဦးကို အကြမ်းဖက်စစ်သား၊ ပျူစောထီး များကိုဖမ်းဆီးပြီး သတ်ဖြတ်ပစ်ထားခဲ့ရာ ၅ ဦးသေဆုံးသွားပြီး ၁ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း Student’s Revolutionary Force -SRF ထံမှ သိရသည်။

 

ဇူလိုင်လ ၁၆ ရက် ညပိုင်းက မင်းကင်းမြို့နယ်၊ တုမရကျေးရွာတွင်နေပြည်သူများဖြစ်ကြသည့် အသက် ၅၀ အရွယ် ဦးဝင်းဆွေ၊ အသက် ၆၀ အရွယ် ဦးတင်ဝင်း၊ အသက် ၃၉ နှစ်အရွယ် ကိုတူးနိုင်၊ အသက် ၃၈ နှစ်အရွယ် ကိုချစ်ကို၊ အသက် ၃၈ နှစ်အရွယ် မလှလေးနွယ်နှင့် မမျိုးမျိုးဝင်းတို့ကို ဖမ်း ဆီးပြီး လယ်ကွင်းပြင်တွင် ဓားဖြင့်ထိုး၊ လည်လှီးကာ လူမဆန်စွာ သတ်ဖြတ်ခဲ့ကြောင်း၊ ထိုသို့ သတ် ဖြတ်ပြီး သေပြီ အ ထင်ဖြင့် ပစ်ထားခဲ့ရာ ကိုတူးနိုင်မှာ သေဆုံးခြင်းမရှိပဲ Student’s Revolutionary Force -SRFတပ် ဖွဲ့မှ ကယ်နိုင်ခဲ့ကြောင်း သိရသည်။

“စစ်တပ်ကလူတွေရော ဘေးနားက အင်ကြင်းတောင်၊ မင်းရွာ၊ ကျေးတောင်ဦးတို့က ပျူတွေလည်း ပါတယ်၊ အစကတော့ စစ်ကြောင်းနဲ့ ဝင်ဖို့လုပ်ပြီး စစ်ကြောင်းနဲ့မဝင်ပဲနဲ့ ရွာကို ဒီအတိုင်းပဲ ဝင်လာပြီး လုပ်သွားတဲ့ပုံစံမျိုးပါ၊ သူတို့လုပ်သွားတဲ့ပုံစံမျိုးက ကျနော်တို့ ကျောင်းသားအဖွဲ့ကနေ လူထုကို ဒီလို မျက်နှာဖုံးတွေစွပ်ပြီးလုပ်သွားတယ်ဆိုတဲ့ ပုံစံမျိုးလုပ်သွားတာ၊ ၆ ယောက်ကိုသတ်သွားတာ၊ တစ် ယောက်ကတော့ ပြန်အသက်ရှင်တာပေါ့၊ ဓားတွေနဲ့ ရစ်ထားတဲ့ လူနာကို ဆေးရုံရောက်တဲ့အထိ ကျ နော်တို့ ကယ်ကုပေးလိုက်တာပေါ့၊ သူ့ရဲ့အမျိုးသမီးကတော့ အဲဒီမှာ ပွဲချင်းပြီး သတ်လိုက်တာပေါ့၊ တစ် ယောက်ကတော့ ဆေးရုံမှာ သေတယ်၊ ကျန်တဲ့ ၄ ယောက်ကတော့ လယ်ကွက်ထဲမှာပဲ သေ သွားတာ။ အဓိကတော့ ကျနော်တို့ ကျောင်းသားအဖွဲ့ကို လူထုယုံကြည်မှု လျော့နည်းအောင်လုပ်တဲ့ သဘော မျိုးပါ၊ ကျနော်တို့အဖွဲ့ကနေလုပ်တယ်ဆိုတဲ့ပုံစံမျိုး၊ မျက်နှာဖုံးတွေစွပ်ပြီးလုပ်သွားတာ” ဟု Student’s Revolutionary Force -SRF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် Bravo က ပြောကြားသည်။

 

အဆိုပါ တုမရကျေးရွာသည် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေပဲ အကြမ်း ဖက်စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည့် အတွင်းပိုင်းကျသော ကျေးရွာ တစ်ရွာဖြစ်ကြောင်း၊ အ သက်ရှင် ပြန်လည် လွတ်မြောက်လာသူ ကိုတူးနိုင်၏ ပြောကြားချက်အရ ၄င်း၏ ဇနီးဖြစ်သူမလှ လေးနွယ် (အသက်-၃၈နှစ်) အပါအဝင် ကျန်လူများကို မျက်စိရှေ့တွင်ပင် ဓားဖြင့်လှီးဖြတ်ပြီး လူ မဆန်စွာ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့သတ်ဖြတ်ပြီးနောက် ဓာတ်ပုံမှတ်တမ်းများရိုက်ယူကာတော်လှန်ရေးဖက်ခြမ်းမှ ဝင်ရောက် သတ်ဖြတ်ခဲ့သည်ဟု သတင်းဖြန့်ရန် သတ်ဖြတ်ရာတွင်ပါဝင်ခဲ့သူများ၊ ကြံရာပါများကို မှာကြားခဲ့ ကြောင်း အသက်ရှင်ကျန်ရစ်သူ ကိုတူးနိုင်က  ပြောဆိုထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ အများပြည်သူအသုံးပြုရာလမ်းပေါ်တွင် စစ်တပ်က မိုင်းထောင်ထားမှုကြောင့် ပြည်သူတစ်ဦး မိုင်းနင်းမိကာ ခြေကျင်းဝတ် ပြတ်ကာ ပြင်းထန် ဒဏ်ရာရ   သံလွင်မြန်မာသတင်း မေလ ၂၇   ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဝှမ်းတလျှောက်ရှိကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက အများပြည်သူအသုံးပြုရာလမ်းများပေါ်တွင်နင်းမိုင်းများထောင်ထားမှု ကြောင့် ပြည်သူ့တစ်ဦး ခြေကျင်းဝတ်ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း...