Minhal News

Minhal News

မင်းလှမြို့မရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို ဗုံးကြဲတိုက်ခိုက်

 

D Day News

မေလ ၁၈

 

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ မင်းလှမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Yoma Phoenix Drone Force ထံမှ သိရသည်။

 

ယနေ့‌ မေလ ၁၈ ရက် နံနက်အစောပိုင်း ၁၂ နာရီ ၂၅ မိနစ်တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးရုံးကို ဗုံးသီး ၁ လုံး၊ နံနက် ၂ နာရီ မိနစ် ၂၀ အချိန်တွင် မင်းလှမြို့မရဲစခန်းကို ဗုံးသီး ၁ လုံး ကြဲ ချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေ ဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊     သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ၏ဒရုန်းတပ်ဖွဲဖြစ်သော Yoma Phoenix Drone Force မှတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးကင်းထောက် ဒရုန်း ၁ စီးမှာ စက်ချို့ယွင်း၍ ပျက်ဆီးခဲ့ကြောင်း သိရသည်။

 

Yoma Phoenix Drone Force အနေဖြင့် စစ်ကောင်စီတပ်စခန်းများ၊အခြားစစ်ရေးပစ်မှတ် နေရာ များကို အလျင်းသင့်သလို တိုက်ခိုက်သွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် အဆိုပါ နေရာများ အနီး သွားလာနေထိုင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် ကြိုတင် အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

CRPH ၏ “အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေ” သည် စစ် ကောင်စီ၏ CDM ဝန်ထမ်းများ အပေါ်ထားသော သဘောထားတူညီနေသဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ထုတ်ပြန်   သံလွင်မြန်မာသတင်း ဇွန်လ ၁၅ CRPH ၏ “အကြမ်းမဖက်...