Mindon News

Mindon News

မင်းတုန်းမြို့နယ်၊ မုံရွာ -ပုသိမ်းလမ်းကို ဖြတ်သန်းသွားလာကြသည့် ယာဉ်များအနေဖြင့် ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း မောင်းနှင်ခြင်းမပြုရန် မင်းတုန်း ပကဖထုတ်ပြန်

 

D Day News

ဇူလိုင်လ ၁၇

 

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ မုံရွာ -ပုသိမ်းလမ်းပိင်းကို ဖြတ်သန်းသွားကြသည့် ယာဉ်များအနေဖြင့် ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း မောင်းနှင်ခြင်းမပြုကြရန် မင်းတုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ – ပကဖ က ထုတ်ပြန်ထားသည်။

 

ဇူလိုင်လ ၁၆ ရက်နေ့မှစ၍ မင်းတုန်းမြို့နယ်အတွင်းရှိ ပုသိမ် -မုံရွာလမ်းပိုင်းနှင့် သရက် -မင်းတုန်း လမ်းပိုင်းများကို ဖြတ်သန်းသွားကြသည့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားမိဘပြည်သူများအနေဖြင့် ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာမောင်းနှင်ခြင်းမပြုကြရန်၊ အကယ်၍ မဖြစ် မနေဖြတ်သန်းသွားရန်ရှိပါက မင်းတုန်းမြို့နယ် ပကဖသို့ ဆက်သွယ်သတင်းပေးပို့ရန်နှင့် ဆက်သွယ် ပေးပို့ခြင်းမရှိပဲ သွားလာပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။

ထို့အပြင် ကားများကို မှန်များချပြီး မောင်းနှင်ကြရန်၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် အ ကြမ်းဖက်စစ်ကောင်စီထုတ် ကုန်ပစ္စည်းများတင်ဆောင်ခြင်းများ မပြုလုပ်ကြရန်၊ အကြမ်းဖက်စစ် ကောင်စီကားများနှင့် အနီးကပ်ယှဉ်တွဲမောင်းနှင်ခြင်းမပြုရန် ဆက်လက် ဖော်ပြထားသည်။

 

ည ၇ နာရီနောက်ပိုင်း သတင်းပေးပို့ခြင်းမရှိပဲ သွားလာသည့် ယာဉ်များ၊ မှန်များပိတ်၍ မောင်းနှင် သည့်ယာဉ်များ စစ်ဆေးတွေ့ရှိပါက ပြင်းစွာ အရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည်။

 

ယခုကဲ့သို့ ထုတ်ပြန်ခြင်းသည် အများပြည်သူလုံခြုရေးနှင့်စစ်ဆင်ရေးအခြေနေများအရ ထုတ်ပြန် လိုက်ခြင်းဖြစ်ပြီး သတိပေးချက်များကို လိုက်နာပူးပေါင်းခြင်းမရှိပါက နောက်ဆက်တွဲပြသနာများကို တာ၀န်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း မင်းတုန်းပကဖက ပြောဆိုသည်။

 

သို့ဖြစ်ပါ၍ မလိုလားအပ်‌သောဆုံးရှုံးနစ်နာမှုများ မရှိစေရန် သတိပေးထုတ်ပြန်ချက်အား အများသူ ငှာသိရှိစေရန် ပြန်လည်‌ဖြန့်ဝေပေးခြင်းဖြင့် လူကြီးမင်းတို့၏ မိတ်ဆွေများကို အသိပေးကူညီပေးကြ ပါရန် အထူးမေတ္တာရပ်ခံတောင်းဆိုထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

ကျောက်မဲမြို့နှင့် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်း၊ လေက်နက်ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိကာ နေအိမ် အလုံး ၅၀ ကျော်ပျက်စီး   သံလွင်မြန်မာသတင်း ဇွန်လ ၂၇ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ ကျောက်မဲမြို့နှင့်နောင်ချိုမြို့တို့ကို စစ်ကောင်စီတပ်က လေကြောင်း ၊လက်နက်ကြီးဖြင့်...