Mindon News

Mindon News

မင်းတုန်းမြို့နယ်၊ တာတိုင်းရွာအတွင်း ဈေးဝယ်ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု ထိခိုက် သေဆုံးမှုရှိ (ရုပ်သံ)

 

D Day News

ဇွန်လ ၂၇

 

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ တာတိုင်ကျေးရွာအတွင်းသို့ ဈေးဝယ်ထွက်လာသော အကြမ်းဖက်စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း United States Of Burma Army – USBA ထံမှ သိရသည်။

 

ဇွန်လ ၂၂ ရက် နံနက် ၈ နာရီ မိနစ် ၄၀ အချိန်တွင် အကြမ်းဖက်စစ်သားများ အထိုင်ချ တပ်စွဲထား သော မင်းတုန်းမြို့နယ်၊ တာတိုင်းကျေးရွာအတွင်း ဝင်ရောက်ပြီး ဈေးဝယ်ထွက်လာသည့် အကြမ်း ဖက်စစ်သားများကို မီတာ ၁၀၀ အကွာ အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်ဒဏ်ရာရရှိမှုရှိပြီး နေအိမ်များ၊ ဘုန်းကြီးကျောင်းများအတွင်း ဝင်ပြေးသွားကြောင်း သိရသည်။

https://youtu.be/xe9MoDtmsh8

ထိုသို့ တိုက်ခိုက်မှုအတွင်း လက်နက်မဲ့ပြည်သူများ ပါလာသဖြင့် သတိထားရှောင်ကွင်းကာ ပစ်အား လျော့ချကာ ပစ်ခတ်ခဲ့ရပြီး စတင်ပစ်ခတ်သည်နှင့် တပြိုင်နက် အကြမ်းဖက်စစ်သားများသည် လမ်း ဘေးဝဲယာရှိ ပြည်သူ့နေအိမ်များ အတွင်း ဝင်ပြေးသွားကာ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တချို့တဝက်မှာ စခန်းချရာ ဘုန်းကြီးကျောင်းအတွင်းသို့ ဒဏ်ရာ ဗရပွဖြင့် နေအိမ်နောက်ဖေးပေါက် များမှ ထွက်ပြေးသွားကြောင်း သိရသည်။

 

လူနေအိမ်များအတွင်း ပစ်ခတ်မှုမဖြစ်ပွားလိုသဖြင့် စီးနင်းမွှေနှောက်ရှာဖွေမှုမပြုလုပ်တော့ပဲ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ပြန်လည် ဆုတ်ခွာလာခဲ့ကြောင်း၊ ထိုသို့ ဆုတ်ခွာပြီးနောက် အကြမ်းဖက် စစ်သားများက ပြည်သူလူထုကို ဆဲဆိုပြီး သေနတ်များ ပစ်ဖောက်ကာ ရမ်းကားခဲ့ကြောင်း၊ ထို့နောက် မွန်းလွဲ ၁ နာရီခန့်အချိန်တွင် ထိခိုက်ဒဏ်ရာ အကြမ်းဖက်စစ်သားများကို မင်းတုန်းမြို့မှ ဖောကား တစ်စီးဖြင့် သယ်ဆောင်သွားကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို United States Of Burma Army – USBA ၊ West River Army – WRA ၊ Key Of Revolution ၊ မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ၊ မင်းလှမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့(ပကဖ) နှင့် မကွေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

 

မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့၀င်များနှင့် အနီးကပ် နေထိုင်သွားလာခြင်း များ လုံး၀ မပြုလုပ်ကြရန်နှင့် လိုက်နာခြင်းမရှိ၍ ထိခိုက်မှုတစ်စုံတစ်ရာရှိလာပါက အဆိုပါ ပုဂ္ဂိုလ် များ၏ တာ၀န်သာဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံခွင့် ရရှိရေး သားဖြစ်သူ ကိုထိန်လင်းက တောင်းဆိုလိုက်ပြီး မိခင်ဖြစ်သူကို အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာကို မဖြစ်စေချင်ကြောင်း ၎င်းက ပြောဆိုသည်။ အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က “ဒေါ်ဆောင်ဆန်းစုကြည်နေမကောင်းဘူး” ဆိုသည့် သ တင်း မှာ မှန်ကန်မှုမရှိဟု...