Mindon News

Mindon News

မင်းတုန်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်စခန်းနှင့် စစ်ကြောင်းကို ပစ်ခတ်၊ မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂၁ ဦး သေဆုံးပြီး PDF ၁ ဦးကျဆုံး

 

D Day News

ဧပြီလ ၈

 

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်စခန်းနှင့် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂၁ ဦးသေဆုံးပြီး PDF တစ်ဦးကျဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် – ၄ တပ်ရင်း EAGLE FORCE တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၁ ရက်နံနက် အစောပိုင်း ၃ နာရီခန့်က မင်းတုန်းမြို့နယ်၊ ပြောင်းရွာရှိ အကြမ်းဖက်စစ်တပ် အ ထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ်၄တပ်ရင်း(Eagle Force)၊

ကျောင်းသားလက်ရုံးတပ်တော်(SAF)နှင့် လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့(WOLF) မဟာမိတ်ပူးပေါင်း စစ်ကြောင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် နံနက် ၁၁ နာရီ မိနစ် ၅၀ အချိန်တွင် ဝက်ကော်၊ သဖန်ရောင်ရွာဘက်သို့ အင်အား ၄၀ ခန့် ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ထပ်မံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး ၃ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော် အင်းစိန်သည် တိုင်းပြည်နှင့် ဖက်ဒ ရယ် ဒီမိုကရေစီ ပြည်ထောင်စုအတွက် အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

 

အဆိုပါ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးသည်နှင့် တပြိုင်နက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန်တွင် ပြည်သူ့ ကာကွယ်ရေးတပ်မတော်ပူးပေါင်းစစ်ကြောင်းမှ ပြောင်းရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားက ပြန်လည် ပစ်ခတ်ခြင်းမရှိပဲ ပုန်းအောင်း နေခဲ့ကြောင်း သိရသည်။

 

“ပြောင်းကျေးရွာ ဘုန်းကြီးကျောင်းမှာက အင်အား ၆၀ လောက်နဲ့တပ်စွဲထားတာ၊ အဲဒီတပ်စွဲထားတာ ကို လက်နက်ကြီးနဲ့ဝင်ပစ်တာ၊ ပြီးတော့ အဲဒီဘုန်းကြီးကျောင်းနေပဲ အင်အား ၄၀ လောက်နဲ့ ဝက် ကော်၊ သဖန်ရောင်ဘက်ထွက်လာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာပါ၊ အဲဒီမှာ ကျနော်တို့ ဘက်က ရဲဘော်တစ်ဦးကျတာ၊” ဟု သရက်ခရိုင် အမှတ် – ၄ တပ်ရင်း EAGLE FORCE တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောကြားသည်။

 

အလားတူ ဧပြီလ ၂ ရက်နေ့တွင် အင်အား ၂၀ ခန့်စီးနင်းလိုက်ပါလာသော အကြမ်းဖက်စစ်ကားကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးခန့်သေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများထံမှ MA 11 ကျည် ဘောက်တစ်ခုနှင့် ၅ ဒသမ ၅၆ ကျည် ၂၃ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဧပြီလ ၆ ရက်နေ့က မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာ ဘုန်းကြီးကျောင်းသို့ ဝင်ရောက်လာ‌ သော အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် စားသောက် ကုန်များကို ခိုးယူ၍ မင်းတုန်းမြို့သို့ သွားရောက်ပို့ဆောင်ပြီး ညနေ ၃ နာရီအချိန် ပြောင်းကျေးရွာသို့ ပြန်ဝင်သွားသော အင်အား ၃၀ ခန့်ပါ ကားတစ်စီးကို ပြောင်ကျေးရွာအဝင်၌ အသင့်စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းအနေဖြင့် ပြောင်းကျေးရွာအနီးတဝိုက်၌ နေရာယူထားပြီး ဝက်ကော်၊ ယင်းကောက်၊ ငကုန်း၊ ကံကြော ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော

အင်းအား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့်လည်း ယနေ့အထိ ဆက်လက်တိုက်ပွဲဖြစ် ပွားလျက်ရှိကြောင်း သိရသည်။

 

“ပြောင်းကျေးရွာဘုန်းကြီးကျောင်းထဲမှာလည်း စစ်ခွေးတွေကရှိသေးတယ်၊ ကျနော်တို့ တပ်ဖွဲ့တွေက လည်းပြောင်းကျေးရွာနဲ့အနီးတဝိုက်မှာ နေရာယူထားတယ်၊ ဝက်ကော်၊ ယင်းကောက်၊ ငကုန်းဘက် က စစ်ကြောင်းတွေနဲ့လည်း တိုက်ပွဲက ဆက်ဖြစ်နေတုန်းပါ၊ စစ်ခွေးတွေက ကျေးရွာတွေထဲဝင်မွှေပြီး ပြည်သူပိုင်ပစ္စည်းတွေခိုးပြီးတုန်းမြို့ကို ကားနဲ့သယ်နေတာ” ဟု သရက်ခရိုင် အမှတ် – ၄ တပ်ရင်း EAGLE FORCE တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မော်လိုက်မြို့နယ်၊ ထော်သာ ပျူစောထီးခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် စစ်သုံ့ပန်းအများအပြား ဖမ်းမိ

မော်လိုက်မြို့နယ်၊ ထော်သာ ပျူစောထီးခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် စစ်သုံ့ပန်းအများအပြား ဖမ်းမိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ထော်သာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် စစ်သုံ့ပန်းအများအပြားဖမ်းမိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ထံက သိရသည်။ ဩဂုတ်လ ၁၅ ရက် ညနေ ၇ နာရီခန့်က မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာရှိ အကြမ်းဖက်စစ်...