Min Hla News

Min Hla News

မင်းလှမြို့နယ်၊ ဘွတ်စိန်ဘုအုပ်စု အုပ်ချုပ်ရေးမှူး ညွန့်မြိုင် ပစ်ခတ်ခံရပြီးသေဆုံး

 

D Day News

ဩဂုတ်လ ၅

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဘွတ်စိန်ဘုအုပ်စု အုပ်ချုပ်ရေးမှူး ညွှန့်မြိုင်ကို သေ နတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၅ ရက် နံနက် ၉ နာရီခန့်က မင်းလှမြို့နယ်၊ ဘွတ်စိန်ဘုအုပ်စု အုပ်ချုပ်ရေးမှူး ညွှန့်မြိုင်သည် နေအိမ်မှ ဆိုင်ကယ်ဖြင့် ထွက်လာစဉ် ဘွတ်စိန်ဘုရွာထိပ် တံတားအနီး၌ အရောက် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖု ရဲဘော်များမှ သေနတ်ဖြင့် ၁၂ ချက်တိတိ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်သေဆုံးသွားကြောင်း၊ ၄င်းထံမှ သေနတ် အတို ၁ လက်၊ လက်ပစ်ဗုံး၂ လုံး၊ ကျည် ၁၆ တောင့်၊ လေးခွ ၁ လက်၊ ကျည်ကာ အင်္ကျီ၁ထည်၊ ဆိုင် ကယ် ၁ စီး၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၁၂၅၀၀၀ ကျပ်၊ မှတ်ပုံတင် ၁ ခု၊ စစ်မှုထမ်းဟောင်း ပင်စင် ငွေ ထုတ်ကတ် ၁ ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူအုပ်ချုပ်ရေးမှူး ညွှန့်မြိုင်သည် ကျည်လွဲအဆောင်ရှိသူဟု နံမည်ကြီးနေသည့် စစ်မှုထမ်း ဟောင်း အကြမ်းဖက်စစ်တပ်ထောက်တိုင် အမာခံတစ်ဦးဖြစ်ပြီး တော်​လှန်​ရေးတပ်ဖွဲ့များနှင့် PDF ရဲဘော်များ၏ အချက်အလက်များ​ကိုစစ်တပ်ထံ ထောက်​လှမ်း​သတင်းပို့ခြင်း၊ စစ်တပ်အလိုကျ ပြည် သူများအား အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံခြင်း၊ ပြည်သူများအား စစ်တပ်အားကိုးဖြင့် အမျိုးမျိုးဒုက္ခပေးနေကြောင်း သိရသည်။

 

ထိုသို့လုပ်ဆောင်နေမှုများကို ရပ်ပြီးတာဝန်မှ နှုတ်ထွက်ရန် ၃၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့က သတိပေးခဲ့မှုကြောင့် တာဝန်မှုနှုတ်ထွက်သည်ဟု သတင်းလွှင့်ကာ ယခင်ကထက် ပြည်သူလူထုပေါ် ပိုမို ဖိနှိပ်လာခြင်း၊ လက်နက်ကိုင်ရမ်းကားခြင်းတို့ လုပ်ဆောင်နေမှုကြောင့် အရေးယူခဲ့ခြင်းဖြစ် ကြောင်း အသိပေးထားသည်။

 

ဆက်လက်၍လည်း ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များအား ဒုက္ခပေးနေသူများ၊ စစ်မှုထမ်းရန် အတင်းအကြပ်လူစုခြင်းနှင့် ခြိမ်းခြောက်ငွေတောင်းနေသည့် စကစထောက်တိုင်များကို ပြင်းပြင်း ထန်ထန် အရေးယူသွားမည်ဖြစ်၍ ပြည်သူများ အနေဖြင့် အဆိုပါထောက်တိုင်များအနီး သွားလာ နေထိုင်ခြင်း မပြုလုပ်ကြရန် ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Kachin State News

Kachin State News

မြစ်ကြီးနားမြို့ပေါ်တွင် ဆိုင်ကယ်ဖြင့်သွားလာနေသော အမျိုးသားတစ်ဦးကို စစ်တပ်က ပစ်ခတ် သတ်ဖြတ်   သံလွင်မြန်မာသတင်း မေလ ၂၃   ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာနေသော အမျိုးသား ၁ ဦးကို စစ် တပ်က ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။   မေလ...