Min Hla News

Min Hla News

မင်းလှမြို့နယ် လဝကရုံးကို ဗုံးခွဲတိုက်ခိုက်မှု စစ်ကောင်စီလက်အောက်ခံ လဝက ဝန်ထမ်း ၂ ဦး ဒဏ်ရာရ

 

D Day News

ဇွန်လ ၁

 

ပဲခူးတိုင်း၊ မင်းလှမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ လဝက ဝန်ထမ်း ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီ ခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

မေလ ၃၀ ရက် ည ၉ နာရီ မိနစ် ၄၀ အချိန်ခန့်က မင်းလှမြိုနယ်၊ ဗိုလ်ရုံတန်းရပ်ကွက်ရှိ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဆိုင်ရာရုံး (လဝကရုံး) ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ၏ ရဲဘော် များမှ ဗုံးခွဲတိုက်ခိုက်ခဲ့ရာ လဝက ဝန်ထမ်း၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လဝကရုံးမှ ဝန်ထမ်းများသည် မှတ်ပုံတင် လာရောက် ပြုလုပ်ကြသည့် ပြည်သူများအပေါ် အ ကြောင်းအမျိုးမျိုးပြကာ အချိန်ဆွဲခြင်း၊ အဆမတန် ငွေကြေးများ တောင်းခံခြင်း၊ အကြမ်းဖက်စစ် ကောင်စီထံ ပြည်သူများ၏ ကိုယ်ရေးအချက်အများကို‌ ပေးပို့ကာ ထောက်တိုင်အဖြစ်ရပ်တည်နေခြင်း တို့ကြောင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

ဆက်လက်၍ ပြည်သူများအား ဒုက္ခပေးနေသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ၄င်းတို့၏ ထောက် တိုင်များကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက် စစ် ကောင်စီ၏ ထောက်တိုင်နေရာ၊ အကြမ်းဖက်စစ်သားများနှင့်ဝေးဝေးနေထိုင်ပေးကြပါရန် ကြို တင် အသိပေးမေတ္တာရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်၊ ထားဝယ် – ရန်ကုန်လမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်းကြားတွင် တိုက်ပွဲပြင်း ထန်နေပြီး ခရီးသည်တင်ကားများ ပိတ်မိနေ၊ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

ရေဖြူမြို့နယ်၊ ထားဝယ် – ရန်ကုန်လမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်းကြားတွင် တိုက်ပွဲပြင်း ထန်နေပြီး ခရီးသည်တင်ကားများ ပိတ်မိနေ၊ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ထားဝယ် - ရန်ကုန်ကားလမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်ကြားတွင် တိုက်ပွဲပြင်းထန်နေပြီး ခရီးသည်တင်ကားများ ပိတ်နေကာ ပြည်သူ ၄ ဦးကို လည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ထားကြောင်း ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း ၊ KTLA...