Military Crash News

Military Crash News

မိတ္ထီလာလေတပ်စခန်းမှ ရဟတ်ယာဉ်တစ်စီး စက်ချို့ယွင်းကာ ပြည်သာယာအနီးရှိ မဟူရာ သုဿန်ထဲ ပျက်ကျ

 

D Day News

မတ်လ ၂၆

 

မန္တလေးတိုင်း၊ မိတ္ထီလာလေတပ်စခန်းမှ အကြမ်းဖက်စစ်တပ် ရဟတ်ယာဉ်တစ်စီး စက်ချို့ယွင်းကာ ပြည်သာယာအနီးရှိ မဟူရာ သုဿန်ထဲ၌ ပျက်ကျခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီက အတည်ပြု ထုတ်ပြန်သည်။

 

ယနေ့ မတ်လ ၂၆ ရက် နံနက်ပိုင်းက တပ်မတော်လေမှ ရဟတ်ယာဉ်မှူးတစ်ဦး၊ သင်တန်းသား တစ် ဦး လိုက်ပါ၍ လေ့ကျင့်ရေး ရဟတ်ယာဉ်ငယ်တစ်စီးသည် လေ့ကျင့်ပျံသန်းစဉ် မတ္တီလာမြို့နယ်၊ ပြည် သာယာအနီးသို့ အရောက် ရုတ်ရက်စက်ချို့ယွင်းကာ ပျက်ကျခဲ့ကြောင်း သိရသည်။

 

“မိတ္ထီလာ ရှမ်းတဲလေတပ်က ရဟတ်ယာဉ် ၁ စီး စက်ချို့ယွင်းပြီး မဟူရာ သင်္ချိုင်းပေါ်ပျက်ကျတာ လေယာဉ် မောင်းတဲ့ကောင် ၂ ယောက်ကတော့ ရွာသားတွေက အပြင်ဆွဲထုတ်ပေးတားတာ မသေ သေး ဘူး။ အခု စခတွေ ရောက်လာပြီးလမ်းတွေ အကုန်ပိတ်ထားတယ်” ဟု ဒေသပြည်သူတစ်ဦး ကပြောဆိုသည်။

 

ထိုသို့ သက်ဆင်းစဉ် ရဟတ်ယာဉ်မှူးနှင့် သင်တန်းသားတို့မှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း လေ့ကျင့်ရေး ရဟတ်ယာဉ်ငယ်မှာ မတော်တဆ ပျက်စီးမှုရှိခဲ့ကြောင်းနှင့် သက်ဆိုင်ရာ တပ်ဌာနသို့ ဆယ်တင်ဆောင်ရွက်ထားကြောင်း အကြမ်းဖက်စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

Photo – ပုံဟောင်း

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ...