Maung Taw News

Maung Taw News

မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ WFP ရုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပစ္စည်းများကို သယ် ယူကာ ခံစစ်ပြင် (ရုပ်သံ)

 

D Day News

ဇွန်လ ၂၅

 

ရခိုင်ပြည်နယ်၊ မောင်တော်မြို့နယ်၊ ဝေသာလီကျေးရွာကို WFP ဂိုဒေါင်ကို စစ်တပ်က မီးရှို့ဖျက်ဆီး ပြီး ပစ္စည်းများကို သယ်ယူကာ ခံစစ်ပြင်ခဲ့ကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်သည်။

 

ဇွန်လ ၂၁ ရက် ညနေ ၅ နာရီခန့်က မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ WFP ရုံးနှင့် လူနေအိမ် အချို့ကို အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် စစ်တပ်လက်အောက်ခံ သင်တန်းပေးထားသော မူဆလင်များက WFP ဂိုဒေါင်နှင့် လူနေအိမ်အချို့ကို မီးရှို့ဖျက်ဆီးကာ WFP ဂိုဒေါင်အတွင်းမှ ဘိလပ် မြေဟု ယူဆရသော အထုပ်များကို သယ်ယူကာ ခရိုင် ကျေးလက်ရုံး၌ ခံစစ်ပြင်ဆင်ခဲ့ကြကြောင်း ရခိုင့်တပ်တော် – AA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

https://youtu.be/WQkq5KZlXZs

အဆိုပါ WFP ဂိုဒေါင် တွင် လူဦးရေ ၆၄,၀၀၀ အတွက် တစ်လ စာဖူလုံစေမည့် အရေးပေါ်ကယ်ဆယ် ရေးရိက္ခာများ စုစုပေါင်း ၁,၁၇၅ မက်ထရစ်တန်ကို သိုလှောင်ထားကြောင်း၊ ရခိုင်ပြည်နယ် မြောက် ပိုင်းတွင် တိုးမြင့်လာသည့် ပဋိပက္ခများကြောင့် WFP ဝန်ထမ်းများသည် မေလနှောင်းပိုင်းမှစ၍ မောင် တောသိုလှောင်ရုံထံသို့ သွားရောက်နိုင်ခြင်း မရှိခဲ့ကြောင်း WFP ရုံးထံမှ သိရသည်။

 

ရန်ကုန်မြို့ – ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) အနေဖြင့် လွန်ခဲ့သည့် စနေနေ့က ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့ရှိ WFP ၏ သိုလှောင်ရုံအား ဖောက်ထွင်းလုယက်ခြင်းနှင့် မီးရှို့ခြင်းလုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊  အဆိုပါ အဖြစ် အပျက်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို WFP က ဆက်လက် စုဆောင်း လျက် ရှိကြောင်း WFP ရုံးက ထုတ်ပြန်ထားသည်။

 

WFP သည် မြန်မာနိုင်ငံအနှံ့အပြားရှိ ပဋိပက္ခဒဏ်ခံစားနေရသူများအား အရေးပေါ်အသက်ကယ် ဆယ် ရေး စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးလျက်ရှိရာ ယခုနှစ်တွင် လူဦးရေ ၁ သန်းနီးပါးခန့် အား ကူညီထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း၊ မောင်တောမြို့ရှိ စားနပ်ရိက္ခာနှင့် အခြားကုန်ပစ္စည်းများကို လုယူခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးခြင်းသည် WFP ၏ ကူညီ ထောက်ပံ့ရေး ကြိုးပမ်းမှုများကို ထိခိုက်ပျက်ယွင်းစေသည်ဟု ပြောဆိုသည်။

 

ထိုလုပ်ရပ်များကို ချက်ချင်းရပ်တန့်ရမည်ဖြစ်ပြီး ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူအဖွဲ့များ အားလုံး အနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာဥပ‌ဒေပါ တာဝန်ဝတ္တရားများကို လိုက်နာ ကြရန် WFP က တောင်းဆိုထားသည်။

 

၎င်းတို့အနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများနှင့် အဆောက်အဦများကို လေးစားပြီး ကာကွယ်စောင့်‌ရှောက်ရမည်ဖြစ်ကာ၊ အကူအညီအရေးတကြီးလိုအပ်နေသူများထံ အရေးပေါ်ကယ်ဆယ်ရေးအကူအညီများကို ဘေးကင်းလုံခြုံစွာ အတားအဆီးမရှိ သွားရောက် ပေးအပ်ခွင့်ရနိုင်စေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံခွင့် ရရှိရေး သားဖြစ်သူ ကိုထိန်လင်းက တောင်းဆိုလိုက်ပြီး မိခင်ဖြစ်သူကို အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာကို မဖြစ်စေချင်ကြောင်း ၎င်းက ပြောဆိုသည်။ အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က “ဒေါ်ဆောင်ဆန်းစုကြည်နေမကောင်းဘူး” ဆိုသည့် သ တင်း မှာ မှန်ကန်မှုမရှိဟု...