Matupi News

Matupi News

မတူပီမြို့နယ်သည် စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားပြီဖြစ် ကြောင်း ချင်းညီနောင်စစ်ဆင်ရေး ကြေညာ

 

D Day News

ဇွန်လ ၃၀

 

ချင်းပြည်နယ်၊ မတူပီမြို့ကို အလုံးစုံသိမ်းပိုက်ရရှိပြီဖြစ်ပြီး မတူပီမြို့နယ်သည် စစ်ကောင်စီ ကင်း စင်နယ်မြေဖြစ်သွားပြီဖြစ်ကြောင်း ချင်းညီနောင် စစ်ဆင်ရေးအဖွဲ့မှ ကြေညာလိုက်သည်။

 

ယမန်နေ့ ဇွန်လ ၂၉ ရက် နေ့က ချင်းပြည်နယ်တောင်ပိုင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ အကြီးမား ဆုံး စစ်ဗျူဟာစခန်းတစ်ခုဖြစ်သော အမှတ် ၁၄၀ ခြေလျင်တပ်ရင်းကို ချင်းညီနောင် စစ်ဆင်ရေး ပူး ပေါင်းအဖွဲ့မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ နယ်မြေရှင်းလင်းမှုများလည်း လုပ်ဆောင်ခဲ့ပြီဖြစ်ပြီး မတူပီမြို့နယ်သည် စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားပြီဖြစ်ကြောင်း သိရသည်။

 

မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် အာရက္ခတပ်တော် (AA)၊ Yaw Army (YA) နှင့် Yaw Defense Force (YDF) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၇ ရက် နေ့က အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၃၀၄ ခြေလျင်တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ချင်းညီနောင်စစ်ဆင်ရေး (Operation CB)တွင် အသက်ပေးသွားကြသည့် အာဇာနည်သူရဲ ကောင်း များ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ကြသည့် ရဲဘော်များနှင့် အောင်ပွဲရသည့်အထိ စွမ်းစွမ်းတမံ ချီတက် တိုက်ပွဲ ဝင်ခဲ့ကြသော တပ်မှူးများ၊ တပ်သားများ၏ အမိန့်နာခံမှု၊ တိုက်ရည်ခိုက်ရည်၊ ရဲစွမ်းသတ္တိ၊ ဇွဲလုံ့လရှိမှုအပေါ် လေးစားဂုဏ်ယူကြောင်း ထုတ်ပြန်ထားသည်။

 

ချင်းညီနောင်အနေဖြင့် ချင်းပြည်နယ်ရှိ မြို့ နယ်များ အတွင်း ကျန်ရှိနေသေးသည့် အကြမ်းဖက်စစ် ကောင်စီ တပ်စခန်းများအား သိမ်းပိုက်နိုင်ရေးအတွက် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်၌ အကြမ်းဖက်စစ်ကောင်စီ ကင်းစင်ရေး” စစ်ရေးရည်မှန်းချက်နှင့် အညီ ချင်းညီနောင်သည် မဟာမိတ်အင်းအားစုများနှင့်ပူးပေါင်းကာ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) မြို့သိမ်းတိုက်ပွဲများကို ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

 

မတူပီမြို့ သိမ်းစစ်ဆင်ရေးဆောင်ရွက်နေစဉ် ကာလအတွင်း ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ များကို CNF/CNA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များက ဇွန်လ ၁၈ ရက်နေ့တွင် ဖနိုင်ရွာ မြောက် ဘက် ချင်းညီနောင်တပ်၏ နောက်ကျောဘက်မှ လာရောက်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ပြီး ချင်းညီနောင်စစ်ဆင်ရေး (Operation CB)၏ မတူပီမြို့ သိမ်းတိုက်ပွဲ စစ်ဆင် ရေး နှောင့်နှေးကြန့်ကြာခဲ့ရဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာသို့ ပြန်လည် စစ်ကြောင်းထိုးဝင်ရောက်လာ သော အကြမ်းဖက်စစ်သား၊ ပျူများကို တိုက်ခိုက်ခဲ့ရာ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ စက်တင်ဘာလ ၉ ရက်နေ့က ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာတပ်စခန်းကို ပြန်လည် ထိန်းချုပ် နိုင်ရေး...