Matupi News

Matupi News

မတူပီမြို့နယ် ခရိုင်ရုံးကို CDF – မတူပီတပ်ရင်းက တိုက်ခိုက်သိမ်းပိုက်

 

D Day News

မေလ ၃၀

 

ချင်းပြည်နယ်၊ မတူပီမြို့၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် ခရိုင်ရုံးကို CDF – Matupi တပ်ရင်း ၂ က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း CDF – Matupi တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ မေလ ၃၀ ရက် နံနက်ပိုင်းက မတူမြို့အနီး မတူပီခရိုင်ရုံးတပ်စွဲထားသော အကြမ်းဖက် စစ် ကောင်စီတပ်ဖွဲ့ကို CDF – မတူပီ CDF – မတူပီတပ်မဟာ ၂ တပ်ရင်း (vakok တပ်ရင်း) ကအပြီး သတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင်တစ်ဦး မြေမြှုပ်မိုင်းနင်းမိကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သိမ်းပိုက်မိတာက မှန်ပါတယ်။ အဲဒီဘက်က ဖုန်းလိုင်းတွေ အခက်အခဲဖြစ်နေလို့ အသေးစိတ်အခြေ သိရဖို့ ဆက်သွယ်မရသေးဘူး။ အသေးစိတ်အခြေအနေကို ပြန်လည် ထုတ်ပြန်ပေးပါ့မယ်” ဟု CDF – Matupi မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ ခရိုင်ရုံးမှ အကြမ်းဖက်စစ်သားများသည် မတူပီမြို့နယ်၊ ဖနိုင်ကျေးရွာဘက်သို့ ထွက်ပြေးသွား ပြီး CDF – မတူပီ တပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။

 

CDF – မတူပီ တပ်ရင်း ၂ အ နေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဆက်လက်တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ပြီး လိုအပ်လျက်ရှိသော ဆေးဝါး ၊ လက်နက်ခဲယမ်းများနှင့် တိုက်ပွဲအတွင်း စားနပ်ရိက္ခာများ အရေး ပေါ်လိုအပ်လျက်ရှိသဖြင့် ဝိုင်းဝန်းပံ့ပိုးပေးကြပါရန် မေတ္တာရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး၊ လက်နက် ၂ လက်သိမ်းဆည်းရရှိ

ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး၊ လက်နက် ၂ လက်သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ဗမာ့တပ်တော် -Burma Army က ထုတ်ပြန်သည်။ ဩဂုတ်လ ၂၆ ရက်နေ့က...