Mandalay News

Mandalay News

မြင်းခြံမြို့အရှေ့ဘက်ကို ထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာ ၁၄

 

မန္တလေးတိုင်း၊ မြင်းခြံမြို့အရှေ့ဘက်ကို ထွက်လာတဲ့အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက် ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Freedom Fighter Guerilla Force တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။

 

မနေ့က ဒီဇင်ဘာ ၁၃ ရက် နေ့က မြင်းခြံမြို့နယ်၊ လယ်သစ်ရွာမှ အထိုင်ချတပ်စွဲထားတဲ့ စစ်သား၊ ပျူ အင်အား ၇၀ ခန့်ဟာ မြင်းခြံမြို့အရှေ့ဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ၆၀ မမ၊ ၄၀ မမ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ပါ။

 

အဲဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးကာ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရ ပါတယ်။

တိုက်ခိုက်ခံရပြီးနောက်မှာ အကြမ်းဖက်စစ်သား၊ ပျူတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီးတော့ လယ်သစ်ရွာအတွင်းကို ပြန်လည် ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

 

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ရမ်းပစ်ခတ်မှုမှာ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ သလို အခုအခါမှာလည်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တာ, လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ Freedom Fighter Guerrilla Force အဖွဲ့က ပြောဆိုထားပါတယ်။

 

ဒါ့ကြောင့် မိဘပြည်သူလူထုတွေအနေနဲ့ ဗုံးခိုကျင်းတွေ တူးထားဖို့ ၊ သတိနဲ့ သွားလာကြဖို့ အထူး မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။

 

အကြမ်းဖက်စစ်ကြောင်းကိုတော့ Freedom Fighter Guerrilla Force ၊ 8 Stars၊ LACR နဲ့ မဟာမိတ် အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာရှိ စာကြည့်တိုက်၌ ကပ်ထးသော မဲစာရင်းများကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာရှိ စာကြည့်တိုက်၌ ကပ်ထးသော မဲစာရင်းများကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းအုပ်စု၊ ဆင်တဲကုန်းကျေးရွာ၊ လူငယ် အားမာန်၊ စာကြည့်တိုက်၌ ကပ်ထားသည့် မဲစာရင်းစာရွက်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ထုတ်ပြန်သည်။ အောက်တိုဘာလ ၆ ရက်နေ့က...