Mandalay News

Mandalay News

မတ္တရာမြို့နယ်၊ အနောက်ခြမ်းက ခေတ္တခဏလက်လွှတ်ခဲ့ရတဲ့ ကျေးရွာ ၃ ရွာကို မန္တလေး PDF တပ် ဖွဲ့က ပြန်လည်သိမ်းပိုက်၊ စစ်သားအချို့ ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်း ရရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၉

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အနောက်ခြမ်းက ခေတ္တခဏလက်လွှတ်ခဲ့ရတဲ့ ကျေးရွာ ၃ ရွာကို ပြန် လည်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား အချို့ ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲ ယမ်း အချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ် ပြန်ပါတယ်။

 

ဒီဇင်ဘာလ ၆ ရက်နေ့က မတ္တရာမြို့နယ်အနောက်ခြမ်းရှိ ရွာသစ်ကျေးရွာ၊ ဝန်စုကျေးရွာနဲ့ ထိန်ပင် စောက်ကျေးရွာတွေမှာ ဝင်ရောက်နေရာယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ပြည် သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေ ပြန်လည် ထိုးစစ် ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ယင်းတိုက်ခိုက်မှု အတွင်း လေကြောင်း ကနေ ၂ ကြိမ် ပစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

“ဥဒိန်းကျေးရွာဘက်ကို ဆုတ်ခွာသွားတာပါ။ ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက် သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ ဒီဇင်ဘာလ ၆ ရက်နေ့ လေကြောင်းကနေ တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာရှိပါတယ်။ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဘက်မှာလည်း ထိ ခိုက်မှုတချို့ရှိပါတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ရှင်းပြပါတယ်။

 

တိုက်တွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေအသုံးပြုတဲ့ လက်နက်ခဲယမ်း အချို့ သိမ်း ဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

 

အခု ပြန်လည်သိမ်းပိုက်ရရှိခဲ့တဲ့နေရာတွေဟာ နိုဝင်ဘာလဆန်းပိုင်းက အကြမ်းဖက်စစ်တပ် လေ ကြောင်းပစ်ကူအမြောက်အများအသုံးပြုကာ ခြေလျင်အင်အားအမြောက်အများနဲ့ စစ်ကြောင်း ထိုးလာခဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်တပ်ဖွဲ့တွေ ခေတ္တခဏလွှတ်ခဲ့ရတဲ့ နေရာတွေဖြစ်ပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကိုင်းမြို့နယ်အတွင်း လှည်လည်နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေ ဆုံးပြီး လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

စစ်ကိုင်းမြို့နယ်အတွင်း လှည်လည်နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေ ဆုံးပြီး လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၃ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း လှည့်လည်နေသော အကြမ်းဖက်စစ်တပ် စစ်တပ်စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာစစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Thunderbird Local Defense Force တပ်ဖွဲ့ထံမှ သိရသည်။ အောက်တိုဘာ ၆ ရက်...