Mandalay News

Mandalay News

နွားထိုးကြီးမြို့နယ်၊ ပြင်စည်လျှပ်စစ်ဓာတ်အားခွဲရုံ၊ ရဲစခန်းနှင့်စာသင်ကျောင်းရှိ စစ်သားများကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၄

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်လျှပ်စစ်ဓာတ်အားခွဲရုံ၊ ရဲစခန်းနှင့်စာသင်ကျောင်းရှိ စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၂ ရက် နံနက် ၆ နာရီခန့်က အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော နွားထိုးကြီးမြို့နယ်၊ ပြင်စည်လျှပ်စစ်ဓာတ်အားခွဲရုံရှိ အကြမ်း ဖက်စစ်သားများကို ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျုဲတိုက်ခိုက်ခဲ့ပြီး မြေပြင်ရှိတော်လှန်ရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်အနီးကပ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကူပေးနိုင်သည့် ပြင်စည်ရဲစခန်းနှင့် စစ်သားများအထိုင်ချတပ်စွဲထားရာ စာသင်ကျောင်း ကိုလည်း ၆၀ မမ လက်နက်ကြီးဖြင့် ၅ ကြိမ်၊ ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ကာ ဖြတ်တောက်ခဲ့ သော်လည်း တိုက်ပွဲ ၁ နာရီခွဲ ခန့်အကြာ ရန်ကုန် -မန္တလေး အမြန်လမ်းမပေါ်မှ စစ်သားများ စစ်ကူ ရောက်ရှိလာခဲ့သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ် သား ၇ ဦးသေဆုံးကာ ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း၊ အမှတ် ၁၀ တပ်ရင်း နှင့် MDDS တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သော်လည်း Fixed Wings Drone ၂ စီးဆုံးရှုံးခဲ့ကြောင်း နွား ထိုးကြီး PDF က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဆီဆိုင်မြို့နယ်၊ ကင်ထိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ PNO ပြည်သူ့စစ် ၂၀ ခန့် သေဆုံး ပြီး ၁ ဦးအရှင်ဖမ်းမိ

ဆီဆိုင်မြို့နယ်၊ ကင်ထိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ PNO ပြည်သူ့စစ် ၂၀ ခန့် သေဆုံး ပြီး ၁ ဦးအရှင်ဖမ်းမိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ကင်တိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၊ PNO ပြည်သူ့စစ် ၂၀ ဦးခန့်သေဆုံးကာ ၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင် က ထုတ်ပြန်သည်။ ဩဂုတ်လ ၆ ရက်နေ့မှစပြီး ဆီဆိုင်မြို့နယ်၊...