Mandalay News

Mandalay News

ညောင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်လက်အောက်ခံ စသုံးလုံးအရာရှိများနှင့်ပူးပေါင်းကာ ဓားပြမှု ကျူးလွန်ထားသည့်အဖွဲ့မှ ၁ ဦးကို ဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁

 

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် လက်အောက်ခံ စသုံးလုံးအရာရှိ များနှင့်ပူးပေါင်းပြီး ဓားပြမှုကျူးလွန်သူတစ်ဦးကို ဖမ်းဆီးထားကြောင်း ညောင်ဦးမြို့နယ် ပကဖ ထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့က ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ စသုံးလုံးအရာရှိများ ပူးပေါင်းပါဝင်သည့် ၇ ဦးပါအဖွဲ့တစ်ဖွဲ့မှ ဓားပြ တိုက်မှုကျူးလွန်ခဲ့ရာ ငွေသား သိန်းတစ်ထောင်ကျော်နှင့် လက်ဝတ်ရတနာပစ္စည်းများပါသွား ကြောင်း ဓားပြတိုက်ခံရသူ၏ တိုင်ကြားချက်အရ ညောင်ဦးမြို့နယ်ပကဖမှ စုံစမ်းဖော်ထုတ်ခဲ့ရာ ကကြဲကျေးရွာနေ လှယမင်းဆိုသူကို ဖမ်းမိခဲ့ကြောင်း သိရသည်။

“အခုဖမ်းမိတဲ့သူပါတာ ညောင်ဦးမြို့နယ်အတွင်းမှာ ဖြစ်ခဲ့ ဓားပြမှုတွေထဲက ၄ မှုပါတယ်။ ညောင်ဦး မြို့ပေါ် ရွှေဆိုင်ဓားပြမှုမှာလည်းပါတယ်။ သူတို့အဖွဲ့က ၇ ယောက်အဖွဲ့ပါ။ အဓိက သူနဲ့ပေါင်းလုပ် တာက စသုံးကအရာရှိတွေနဲ့ပေါင်းလုပ်တာ၊ အဓိကတော့ ညောင်ဦးမြို့ပေါ်နဲ့ ညောင်ဦးမြို့နယ် အတွင်းက ကျေးရွာတွေမှာ စသုံးလုံးက အရာရှိတွေနဲ့ပေါင်းပြီး ဓားပြမှုတွေကျူးလွန်ထားတာ။ သူ့ဆီ က စစ်ဆေးရရှိတဲ့ အဖြေတွေရယ်၊ စုံစမ်းဖော် ထုတ်ချက်တွေနဲ့ပေါင်းပြီး နောက်ထပ်ပြစ်မှု ကျူးလွန် သူကို ဖမ်းဆီးဖို့ ကြိုးစားနေပါတယ်။” ဟု ညောင်ဦးမြို့နယ် ပကဖ တာ ဝန်ခံ ကိုဇီးက  ပြောကြားသည်။

 

ညောင်ဦးမြို့နယ်အတွင်း၌ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဓားပြမှု၊ ပြန်ပေးဆွဲမှု ၁၀ ကြိမ်ထက် မနည်းဖြစ်ခဲ့ပြီး ညောင်ဦးမြို့နယ်ပကဖ အနေဖြင့် နောက်ထပ် ဓားပြမှု၊ ပြန်ပေးဆွဲမှုများ မဖြစ်ပွား စေရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကောင်စီက ကျင်းပသော အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သဖြင့် အသိအမှတ်မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် NLD ထုတ်ပြန်

စစ်ကောင်စီက ကျင်းပသော အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သဖြင့် အသိအမှတ်မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် NLD ထုတ်ပြန်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သောကြောင့် အသိအမှတ် မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြရန် NLD ပါတီက ယနေ့ ထုတ်ပြန်လိုက်သည်။ ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယ...