Mandalay News

Mandalay News

တောင်သာမြို့နယ်တွင် PDF သတင်းများကို ထောက်လှမ်းပြီး အကြမ်းဖက်စစ်တပ်ထံပေးပို့နေသူ လင်းမယား ၂ ဦးပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

အောက်တိုဘာလ ၈

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် PDF တပ်ဖွဲ့ဝင်များ၏ သတင်းများကို စောင့်ကြည့်ထောက် လှမ်းပြီး အကြမ်းဖက်စစ်တပ်ထံ ပေးပို့နေသော လင်းမယား ၂ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာ ပင်သေဆုံးသွားကြောင်း ပုဂံဘီလူးတပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် တောင်သာမြို့နယ်၊ တောင်သာ – ဇဂျမ်း – ညောင်ဦး လမ်း ပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ သွားလာမှုကို စောင့်ကြည့်ကာ အကြမ်းဖက်စစ် တပ်ထံ သတင်းပေး ပို့နေသော ဇဂျမ်းအုပ်စု၊ စိုင်ကန်ကျေးရွာနေ ပျူစောထီး စည်သူ (ခေါ်) ကိုရင် ကြီးနှင့် ဇနီးဖြစ်သူ မသီတို့ကို ပုဂံ ဘီလူးတပ်ဖွဲ့နှင့် မဟာမိတ်ညီနောင်များမှ ပစ်ခတ်ရှင်းလင်းခဲ့ရာ နှစ်ဦးစလုံး နေရာ မှာပင်သေဆုံးသွားကြောင်း သိရသည်။

“သူတို့က PDF တွေ အသွားအလာကို သတင်းယူပြီး စစ်တပ်ထံ ပေးပို့နေတာ။ သူတို့လင်မယား ကြောင့် ဖမ်းဆီးခံရလိုက်ရတဲ့ PDF ရဲဘော်တွေ ရှိတယ်။ အဓိကက PDF တပ်ဖွဲ့ဝင်တွေ အသွား အလာကို စောင့်ကြည့်ပြီး သတင်းပေးတဲ့အလုပ်ကို လင်းမယားနှစ်ယောက်စလုံးကလုပ်နေတာပါ၊ အဲဒါကြောင့် ဒီနေ့ပဲ ညောင်ဦး – ဇဂျန်းလမ်းပေါ်မှာ ပစ်ခတ်ရှင်းလင်းလိုက်ရတာပါ” ဟု ပုဂံဘီလူး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ညောင်ဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ကောက်ယူလျက်ရှိသော သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသူများကို ထိထိရောက်ရောက် အရေးယူသွားမည် ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန် တိုက်တွန်းထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
PNLA News

PNLA News

ဆီဆိုင်မြို့နယ်၊ တပူးထိုကျေးရွာအတွင်းဝင်ရောက်တပ်စွဲသည့် PNO ပြည်သူ့စစ်များက ပြည်သူ့နေ အိမ် ၆ လုံးကို မီးရှို့ဖျက်ဆီး၊ပအိုဝ်း ပြည်သူ ၆၀၀၀ ကျော်ကျေးရွာအတွင်းမှ မောင်းထုတ်ခံထားရ သဖြင့် ပြည်တွင်းပြည်ပရှိ မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန်မေတ္တာရပ်ခံ   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊...