မြင်းခြံမြို့ပေါ်မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိ

မြင်းခြံမြို့ပေါ်မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၄

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်သည်။

အောက်တိုဘာလ ၅ ရက်နေ့ မြင်းခြံမြို့ပေါ်မှ အင်အား ၃၀၀ ခန့်ဖြင့် ညောင်ပင်ရွာဘက်သို့ ထွက် လာသော အကြမ်းဖက်စစ် တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့မှ ရွာကြီးရွာ အရောက် ဒရုန်းဖြင့် စတင်ဗုံး ကျဲ တိုက်ခိုက်ခဲ့ပြီး စစ်ကြောင်း ချီတက်ရာလမ်းကြောင်းတလျှောက် လိုက်လံကျဲချတိုက်ခိုက်ခဲ့ရာ အောက်တိုဘာလ ၂၁ ရက်နေ့အထိ ဗုံး သီး ၅၇ လုံးတိတိ အသုံပြုကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အသေစာရင်းကတော့ အတိအကျ မသိရဘူး။ ဒဏ်ရာရတဲ့ စခတွေ၊ ပျူတွေ မြင်းခြံဆေးရုံကို သယ် သွားတာတော့ တော်တော်များတယ်၊ ပထမဆုံးနေ့ ညောင်ပင်ရွာပွဲမှာ အလုံး ၂၀ လောက်ချ လိုက် တာဆိုတော့ တော်တော်ထိတယ်၊ ညောင်ပင်ရွာအဝင်မှာ ချတာမှ တော်တော်ထိတာ၊ အဲဒီမှာ ထိတာ တွေကို အိမ်စီးကား ၃ စီးနဲ့ သယ်သွားတာ၊ အင်အားကများတယ်၊ ညောင်ပင်ရွာကနေ ရွာကြီး ဘက် လမ်းဆုံအထိ လမ်းတလျှောက်ချထားတာ။ အခုဆိုရင် ညောင်ပင်ရွာ၊ ရွာကြီး၊ ကန်ဒေါင်း၊ သာယာ ကုန်း၊ကုန်းသာ အကုန်ကျော်သွားပြီ”ဟု မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ပြောကြား သည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက် အတိအကျ သိရှိရခြင်းမရှိကြောင်း၊ လက်ရှိတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ လျှော်ဖြူကျေး ရွာသို့ ရောက်ရှိနေကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း ၊ မြင်းခြံ ခရိုင် အမှတ် ၈ တပ်ရင်း ၊နွားထိုး ကြီးမြို့နယ် ပကဖနှင့် ရေစကြိုတပ်ပေါင်းစု ဒရုန်း တပ်ဖွဲ့ တို့ ပူပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အ ကြမ်းဖက်စစ် တပ်က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နွားထိုးကြီးမြို့နယ်တွင် မလှိုင်မြို့နယ်အတွင်းရှိ မိန်းကလေး ၂၀ ဦးကျော်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ သည့် စစ်ကြောင်းအား တိုက်ခိုက်ချေမှုန်းမှု ဗိုလ်မှူး ကျော်မင်းအပါအဝင် စစ်သား ၃၇ ဦး သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

နွားထိုးကြီးမြို့နယ်တွင် မလှိုင်မြို့နယ်အတွင်းရှိ မိန်းကလေး ၂၀ ဦးကျော်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ သည့် စစ်ကြောင်းအား တိုက်ခိုက်ချေမှုန်းမှု ဗိုလ်မှူး ကျော်မင်းအပါအဝင် စစ်သား ၃၇ ဦး သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၃ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့် မလှိုင်မြို့နယ်တို့တွင် မိန်းကလေး ၂၀ ဦးကျော်ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် စစ်တပ်စစ်ကြောင်းအား တိုက်ခိုက်ချေမှုန်းခဲ့ရာ ဗိုလ်မှူးကျော်မင်းအပါအဝင် စစ်သား ၃၇ ဦးသေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်း ရရှိ ခဲ့ကြောင်း နွားထိုးကြီး PDF...