နွားထိုးကြီးမြို့နယ်တွင် မလှိုင်မြို့နယ်အတွင်းရှိ မိန်းကလေး ၂၀ ဦးကျော်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ သည့် စစ်ကြောင်းအား တိုက်ခိုက်ချေမှုန်းမှု ဗိုလ်မှူး ကျော်မင်းအပါအဝင် စစ်သား ၃၇ ဦး သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

နွားထိုးကြီးမြို့နယ်တွင် မလှိုင်မြို့နယ်အတွင်းရှိ မိန်းကလေး ၂၀ ဦးကျော်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ သည့် စစ်ကြောင်းအား တိုက်ခိုက်ချေမှုန်းမှု ဗိုလ်မှူး ကျော်မင်းအပါအဝင် စစ်သား ၃၇ ဦး သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၃

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့် မလှိုင်မြို့နယ်တို့တွင် မိန်းကလေး ၂၀ ဦးကျော်ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် စစ်တပ်စစ်ကြောင်းအား တိုက်ခိုက်ချေမှုန်းခဲ့ရာ ဗိုလ်မှူးကျော်မင်းအပါအဝင် စစ်သား ၃၇ ဦးသေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်း ရရှိ ခဲ့ကြောင်း နွားထိုးကြီး PDF တပ်ဖွဲ့က ထုတ်ပြန်သည်။

စက်တင်ဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ ရန်ကင်းဘုရားမှ မြိုင်သာကျေး ရွာဘက်သို့ ဦးတည်ထွက်လာသော အင်အား ၂၀၀ ခန့်ပါစစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၇ ဦး ထက်မနည်းသေဆုံးပြီး ညနေ ၅ နာရီ ၃၀ မိနစ်တွင် တိုက်ပွဲပြီးဆုံးခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်အလောင်း ၁ လောင်းနှင့်အတူ MA5 အမျိုးအစား သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်း ၊ မြစ်သား (ပကဖ) နှင့် အခြားမဟာမိတ်တပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၁ ရက် မွန်းလွဲ ၂ နာရီ ၁၃ မိနစ်တွင် နွားထိုးကြီးမြို့နယ်၊ မြိုင်သာကျေးရွာကို ဝင် ရောက်ဖျက်ဆီးပြီး ဒိုင်းလည်ရွာဘက်သို့ ထပ်မံထွက်လာသော အင်အား ၂၅၀ ခန့်ပါ စစ်တပ်စစ် ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၃ နာရီကျော်ကြာမြင့်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၀ ဦးအထက် သေဆုံးကာ ၄ ဦးအရှင်ဖမ်းမိပြီး အများ အပြား ထိခိုက်သေဆုံးမှုများပြားကာ ဖွဲ့စည်းပုံပျက်၍ ကစဉ့် ကလျားထွက်ပြေးသွားသဖြင့် တိုက်ပွဲမှာ ည ၁၀ နာရီ ၁၅ မိနစ်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ငါးကြင်းမှီး (၁) လက်၊ MA-11 (၃) လက်၊ G-3 (၂) လက်၊ MA-1 (၁) လက်၊ M79 (၁) လက်၊ MA-5(၂) လက်၊ Drone (၂) စီး၊ ကျည်မျိုးစုံ (၃၃၁၂) တောင့်၊ ၄၀မမ (၃) လုံး၊ ၆၀မမ (၇) လုံး၊ RPG (၁) ဖူး၊ drop bomb (၄) ဖာ၊ ပိုယမ်းတောင့် (၁၁) တောင့်၊ လက်ပစ်ဗုံး (၁၂) လုံး၊ အီနာဂါ (၁) လုံး၊ ကျည်ဘောက် (၂၁) ဘောက်၊ ကတ်သီး (၁၃) ခု ၊ jammer ကား (၁) စီး ၊ ကား (၃) စီး၊ တို့ကို သိမ်း ဆည်းရရှိခဲ့ကြောာင်း သိရသည်။

 အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်းမြစ် သား (ပကဖ) နှင့် မြင်းခြံခရိုင် (Drone) တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အောက်တိုဘာလ ၉ ရက်နေ့တွင် မလှိုင်မြို့နယ်၊ နှောကန်ကျေးရွာဘက်မှ အိမ်ကြီးတောကျေးရွာ ဘက်သို့ ဝင်ရောက်လာသော အင်အား ၂၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း တို့က တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲငယ်များ ဖြစ်ပွား ခဲ့ကြောင်း ၊အောက်တိုဘာလ ၁၂ ရက်နေ့တွင် ၄ ရက်မြောက် တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ရာ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုများ အတွင်း ဗိုလ်မှူး ကျော်မင်း အပါအဝင် စစ်သား ၂၀ ဦးနှင့်အထက် သေဆုံးပြီး စစ်သား ၅ ဦး ဖမ်းဆီးရရှိခဲ့ ကြောင်း၊ ထို့အပြင် MA 1 အမျိုးအစား သေနတ် ၆ လက် ၊ MA2 အမျိုးအ စား သေနတ် ၅ လက် ၊ MA3  အမျိုး အစား သေနတ် ၆ လက် ၊ MA 4 အမျိုးအစား သေနတ် ၁ လက် ၊ RPG အမျိုးအစား သေနတ် ၁ လက် ၊ ငါးကြင်းမြှီး  ၂ လက် ၊ ၆၀မမ ပြောင်းတို ၃ လက် ၊ ၆၀ မမ ပြောင်းရှည် ၁လက် ၊ ငါးကြင်း မြှီး ပြောင်း ၁ ခု ၊ ကျည်မျိုးစုံ  ၆၀၇၈ တောင့် ၊ ပို့ကျည် ၂၅ တောင့် ၊ ၄၀ မမ ၁၅ လုံး ၊ ၆၀ မမ ၁၁ လုံး ၊ RPG  ၁၂ ဖူး ၊ RPG ပို့ယမ်း  ၉တောင့် ၊ လျက်ဆားပုလင်းမိုင်း ၁၁လုံး ၊ လက်ပစ်ဗုံး  ၄လုံး ၊ M9  ၂ လုံး Drone ၂ စီး ၊ Drone Shooter ၂ ခု ၊ ကျောပိုး Jammer ၁ ခု ၊ Jammer အကြီး ၁ ခု ၊ ကား ၃ စီး ၊ Drone ဗုံးသီး  ၂ ဖာ ၊ ကျည်ဘောက်အစုံ ၅၆ ဘောက် တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် လှိုင်မြိုနယ် ၊ တောင်သာမြို့နယ်တို့အတွင်းရှိ အမျိုးသမီး ၂၀ ဦး နှင့်အထက်ကို ဖမ်းဆီးကာ အလိုမတူ အတင်းအဓ္ဓမပြုကျင့် သတ်ဖြတ်ခြင်း ၊ ပြည်သူပိုင်နေအိမ်များ အား မီးရှိဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အထိနာသော အကြမ်းဖက်စစ်တပ်က လှိုင်မြိုနယ် ၊ နှောကန်ရဲစခန်းအား စစ်ကူခေါ်ခဲ့သဖြင့် ယင်း စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး MA1 အမျိုး အစား သေနတ် ၄ လက်၊ MA 2 အမျိုးအစား သေနတ် ၂ လက် ၊ MA 3 အမျိုးအစား သေနတ် ၄ လက် နှင့် ၆၀ မမ ပြောင်းတို ၁ လက် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်းတိုနှင့် အတူ မဟာမိတ်ဖွဲ့များ ဖြစ်သော မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း ၊ နွား ထိုးကြီး (ပကဖ) ၊ တံတားဦး (ပကဖ) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၂၅ ရက်နေ့မှ အောက်တိုဘာလ ၁၂ ရက်နေ့အထိ စစ်တပ်စစ်ကြောင်းကို အကောင်း ဆုံးခုခံကာကွယ်နိုင်ခဲ့သလို ခံစစ်အနေအထားမှ တန်ပြန်ထိုးစစ်အသွင်သို့ ကူးပြောင်းပြီး ရဲဘော်များ အသက် ၊ သွေး ၊ ချွေး များရင်းနှီးကာ တိုက်ခိုက်နိုင်ခဲ့ကြောင်း အသိပေးထားသည်။

ထိုသို့ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းအလွန်အကျွံအသုံးပြုခဲ့ပြီး ဆက်လက် တော်လှန်ရေး အရွေ့တစ်ခုကို ဦးတည်သော စစ်ရေးဖော်ဆောင်မှုများကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံ-နွားထိုးကြီးလမ်းမပေါ်တွင် စစ်သား၊ ရဲ၊ ပျူစောထီးများ လိုက်ပါလာသော စစ်ကား ၃ စီးကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ

မြင်းခြံ-နွားထိုးကြီးလမ်းမပေါ်တွင် စစ်သား၊ ရဲ၊ ပျူစောထီးများ လိုက်ပါလာသော စစ်ကား ၃ စီးကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၃ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-နွားထိုးကြီးလမ်းမပေါ်တွင် စစ်သား၊ ရဲ၊ ပျူစော ထီး များ စီးနင်း လိုက်ပါလာသော စစ်ကား ၃ စီးကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး လက် နက် ၃ လက်...