သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၂၃
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-နွားထိုးကြီးလမ်းမပေါ်တွင် စစ်သား၊ ရဲ၊ ပျူစော ထီး များ စီးနင်း လိုက်ပါလာသော စစ်ကား ၃ စီးကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး လက် နက် ၃ လက် သိမ်း ဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း က ထုတ်ပြန်သည်။
အောက်တိုဘာလ ၂၁ ရက် နံနက်ပိုင်းက မြင်းခြံမြို့မှ နွားထိုးကြီးဘက်သို့ ထွက်လာသည့် စစ်သား၊ ရဲ၊ ပျူစောထီးများ လိုက်ပါလာသော Double Cap အမျိုးအစား ကား ၃ စီးကို ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင်များက လျှပ်တပြက်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရ ရှိကာ ထွက်ပြေးသွားကြောင်း သိရသည်။
“ညောင်ပင်ရွာအနီးမှာဖြစ်ခဲ့တာ၊ မြင်းခြံမြို့နယ်ထဲပဲ၊ အင်အားကတော့ ခန့်မှန်းလို့မရဘူး။ အကုန် ထွက်ပြေးသွားတာ၊ ကားတွေက မောင်းမရတော့တာ။ ဂျန်ပါကားကတော့ ဖျက်ဆီးခဲ့တယ်၊ ကျန်တဲ့ ကားတွေကတော့ ဒီအတိုင်းထားခဲ့လိုက်တာ၊ တိုက်ပွဲတွေက ဆက်ဖြစ်နေတုန်းပဲ။” ဟု မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုသို့ စစ်သား၊ ရဲ၊ ပျူစောထီးများ ထွက်ပြေးသွားပြီးနောက်ကျန်န်ရှိနေသော Jamper တင်ဆောင် ထားသောယာဉ်နှင့် Jamper စက်မှာ အသုံးပြုမရနိုင်သောကြောင့် ထိုနေရာမှာပင် ဖျက်စီးခဲ့ကြောင်း၊ ထို့အပြင် စစ်သား၊ ရဲ၊ ပျူစောထီးများ ကိုင်ဆောင်အသုံးပြုသော MA1 အမျိုးအစား သေနတ် ၁ လက် MA3 အမျိုးအစားသေနတ် ၁ လက်နှင့် G3 အမျိုးအစားသေနတ် ၁ လက်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း နှင့် မြင်းခြံခရိုင် အမှတ် ၇ တပ်ရင်း- zero ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြင်းခြံခရိုင်အတွင်း၌ နေ့စဉ် ထိတွေ့ တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းထုတ်ပြန်ထားသည်။
Thanlwin Myanmar Media