သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၂၀
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆိတ်ညံရေတင်ရုံး၊ ရေကြောင်းစစ်ဆေးရေးဂိတ်ရှိ စစ် သင်္ဘောများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး ဒဏ်ရာရရှိပြီး သင်္ဘောတစ်စီး ထိခိုက် ပျက်စီးခဲ့ကြောင်း Urban Underground Revolution Force – YSO က ထုတ်ပြန်သည်။
အောက်တိုဘာလ ၁၂ ရက်နေ့ ညပိုင်းက မြင်းခြံမြို့နယ် ဆိတ်ညံရေတင်ရုံး အကြမ်းဖက်စစ်ကောင်စီ ၏ ရေ ကြောင်းစစ်ဆေးရေးဂိတ်၌ အကြမ်းဖက်စစ် သင်္ဘောများ ရောက်ရှိနားခိုနေစဉ် ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်သင်္ဘောတစ်စီးအား တည့်တည့်ထိမှန်ပြီး စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာသင်္ဘောတစ်စီး ခေါင်းမိုး ပျက်စီးသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Urban Underground Revolution Force – YSO မှ တပ်ဖွဲ့ဝင်များက တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တရပ်စပ် ပြန် လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media