သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၅
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာ၌ တပ်စွဲထားသော စစ်သားများ ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက ထုတ် ပြန်သည်။
အောက်တိုဘာလ ၁၃ ရက်နေ့က တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာ အဝင်လမ်းဘေး ဝဲ/ယာ တလျှောက်ရှိ ပြည်သူနေအိမ်များ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး လက်နက်ငယ်များ ဖြင့် ထပ်မံဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း လက်နက်ကြီး ထိမှန်ကာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ မင်းသားကြီးစစ်ကြောင်းက ဦးဆောင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ရုံးစည်ကြီးကျေးရွာတွင် ကျည်တစ်ချက်ပေါက်လျှင် “ပြည်သူနေအိမ်တစ်လုံးမီးရှို့မယ်” ဟု ကြိမ်းမောင်းထားပကြောင်း သိရသည်။
Thanlwin Myanmar Media