မြင်းခြံမြို့နယ်၊ ညောင်ပင်ရွာကို သီတာယုမွန်ခေါင်းဆောင်သော ပျူစောထီးအဖွဲ့က ဝင်ရောက် မီးရှို့ နေမှုကြောင့် တိုက်ပွဲပြင်းထန်နေ

မြင်းခြံမြို့နယ်၊ ညောင်ပင်ရွာကို သီတာယုမွန်ခေါင်းဆောင်သော ပျူစောထီးအဖွဲ့က ဝင်ရောက် မီးရှို့ နေမှုကြောင့် တိုက်ပွဲပြင်းထန်နေ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၃

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ညောင်ပင်ရွာကို သီတာယုမွန်ခေါင်းဆောင်သော ပျူစောထီး အဖွဲ့က ဝင်ရောက်မီးရှို့နေမှုကြောင့် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသနေပြည်သူများထံက သိရသည်။

စက်တင်ဘာလ ၂၈ ရက်နေ့မှ စတင်၍ မြင်းခြံမြို့နယ်၊ ညောင်ပင်ရွာကို မြင်းခြံမြို့နယ်ပျူစောထီး ခေါင်းဆောင် သီတာယုမွန် ဦးဆောင်သော အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းက ဝင်ရောက်မီးရှို့နေမှု ကြောင့် ယနေ့အချိန်အထိ နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ပါရာမိုတာ (စက်တပ်လေထီး) တို့ဖြင့် ဗုံးကျဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

Photo -ပုံဟောင်း

“ညောင်ပင်ရွာကို မီးရှို့နေတဲ့သတင်းက အမှန်ပါ။ ပျူအင်အားက ၄၀၀ နီးပါးလောက်တော့ရှိမယ်။ တိုက်ပွဲတွေကလည်း တောက်လျှောက်ဖြစ်နေတယ်၊ အသေးစိတ်တော့ မသိရသေးဘူး။ မြေပြင်မှာက စစ်ရေးအခြေအနေတွေက ရှုတ်ထွေးနေတုန်းပဲ၊ ညောင်ပင်ရွာကို မီးရှို့နေတာလို့ သိထားရပေမယ့် ဘယ်အတိုင်းအတာအထိ မီးလောင်ထားလဲ၊ ဆုံးရှုံးထားလဲဆိုတာ မသိရသေးပါဘူး လက်ရှိ စစ် ကြောင်းက ညောင်ပင်ရွာထဲမှာပဲ ရှိနိုင်သေးတယ်။ အတိအကျတော့ မသိရသေးဘူး။” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောကြားသည်။

အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီးများ မီးရှို့နေသည့် ညောင်ပင်ရွာသည် မြင်းခြံမြို့အနီး တွင် တည်ရှိပြီး ယနေ့အထိ ၄ ကြိမ်မြောက် မီးရှို့ထားကြောင်း၊ ယင်း စစ်ကြောင်းကြောင့် ညောင်ပင် ရွာ၊ သဲရွာ၊ ခင်မတဲရွာ၊ မြောက်ကွန်းရွာ၊ ရွာကြီးရွာ၊ ရွာသစ်ရွာ စသည့် ကျေးရွာ ၇ ကျော် မှ ပြည်သူ ၅ ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

“ပြည်သူတွေကတော့ ရှောင်နေကြရတယ်။ စစ်ကြောင်းထိုးလာတယ်ဆိုတာ သိတာနဲ့ တပြိုင်နက် စစ်ကြောင်းထိုးလာတဲ့လမ်းကြောင်းပေါ်နဲ့ အနီးတဝိုက်ရွာတွေကတော့ ရှောင်နေကြရတာ၊ ပြီးတော့ လေကြောင်းကနေလည်း နေ့တိုင်းပဲ ပါရာမိုတာတို့ဘာတို့နဲ့ချနေတာ။ မိဘပြည်သူတွေအနေနဲ့ ကိုယ့် အသက်ထက်တန်ဖိုးရှိတာ ဘာမှ မရှိလို့ ဘေးလွတ်ရာကို ရှောင်ရှားနေထိုင်ပေးကြစေချင်ပါတယ်။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် အဖွဲ့အစည်းများ ပူးပေါင်းကာ အကြမ်းဖက်စစ်တပ် စစ်ကြောင်း များကို ခုခံတိုက်လျက်ရှိပြီး တိုက်ပွဲအသေးစိတ်အခြေအနေကို သိရှိရခြင်းမရှိသေးကြောင်း သိရ သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တန့်ဆည်မြို့နယ်၊ သာဂရကျေးရွာနှင့် သာဂလကျေးရွာတို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးဒဏ်ရာရရှိပြီး နေအိမ် ၁၈ လုံးပျက်စီး

တန့်ဆည်မြို့နယ်၊ သာဂရကျေးရွာနှင့် သာဂလကျေးရွာတို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးဒဏ်ရာရရှိပြီး နေအိမ် ၁၈ လုံးပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သာဂရကျေးရွာနှင့် သာဂလကျေးရွာတို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁၈ လုံးပျက်စီးခဲ့ ကြောင်း တန့်ဆည်မြို့နယ် ပကဖ က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၄...