သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၂
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်သည်။
ယနေ့ စက်တင်ဘာလ ၂၁ ရက် မွန်းလွဲ ၂ နာရီခန့်က သပိတ်ကျင်းမြို့နယ် ၊ ကျောက်ဖြာကျေးရွာ အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က Y-12 ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၄ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုအပြင် ယနေ့ စက်တင်ဘာလ ၂၁ ရက် မွန်းလွဲ ၁ နာရီခန့်က စဉ့်ကူးမြို့နယ် ၊ နဂါးမောက်တောင် ပေါ်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ အနေဖြင့် မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့ရှိ စစ်ဘေးရှောင်စခန်းများသို့ သွားရောက် ၍ အားပေးစကားပြောကြားခြင်း ၊ ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ပေးခြင်းနှင့် လိုအပ် သည့် စားနပ်ရိက္ခာနှင့်အဝတ်အထည်များကို ပံ့ပိုးကူညီခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိ ကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Manmar Media