သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၁၀
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။
ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်က သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေး ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာစာသင်ကျောင်းပေါ်ကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူလူထု ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့သော်လည်း စာသင် ကျောင်းအဆောင်များမှ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။
“တိုက်ပွဲကတော့ ဇရပ်ကွင်းအနီးတစ်ဝိုက်မှာ ဖြစ်နေတာ တော့ရှိတယ်။ ဇရပ်ကွင်းရွာမှာတော့ တိုက် ပွဲ မဖြစ်ပါဘူး ။ ကျောင်းမဖွင့်နိုင်သေးတော့ စာသင်ကျောင်းကလည်း ပိတ်ထားတာ ကြာပါပြီ။” ဟု ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ပြောရေးဆိုခွင့်ရှိသူကိုအော်စမွန်က ပြောကြား သည်။
အကြမ်းဖက် စစ်ကော်မရှင်သည် ပြည်သူပိုင် နေအိမ်များ ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိကြောင်း ပြည်သူ့ကာကွယ် ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media