မတ္တရာမြို့နယ်၊ ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံကို စစ်ကောင်စီတပ်က Y12 ၊ ကာမီကာဇေ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှု ထရန်စဖော်မာ ၃ လုံးပျက်စီး

မတ္တရာမြို့နယ်၊ ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံကို စစ်ကောင်စီတပ်က Y12 ၊ ကာမီကာဇေ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှု ထရန်စဖော်မာ ၃ လုံးပျက်စီး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၄

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆည်တော်ကြီးဓာတ်အားပေးစက်ရုံကို အကြမ်းဖက်စစ်ကောင်စီတပ် က Y12 လေယာဉ် ၊ ကာမီကာဇေဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထရမ်စဖော်မာ ၃ လုံးပျက်စီးခဲ့ ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် -မန္တလေးက ထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာလ ၃ ရက် မွန်းလွဲ ၂ နာရီခန့်က မတ္တရာမြို့နယ်အတွင်းရှိ ဆည်တော်ကြီး ဓာတ် အားပေးစက်ရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် ဗုံးသီး အလုံး ၅၀ ခန့်ကျဲချ သည့်အပြင် ကာမီကာဇေ (ဆူဆိုက်) ဒရုန်းများဖြင့်လည်း အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ ကျဲချခဲ့သော ဗုံးသီးများမှာ ဆည်တော်ကြီး တာတမံအနီးတစ်ဝိုက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အချို့မှာ ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကာ ထရန်စဖော်မာ ၃ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံသည် ပုသိမ်ကြီးမြို့နယ် ၊ မတ္တရာမြို့နယ် ၊ စဉ့်ကူး မြို့ နယ် နှင့် သပိတ်ကျင်းမြို့နယ်တို့အတွက် လျှပ်စစ်မီးရရှိစေရန် အဓိကကျသော ဓာတ်အားပေးစက်ရုံ တစ်ခု ဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကန်ပက်လက်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု CDF ကန်ပက်လက်ရဲမေတစ်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

ကန်ပက်လက်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု CDF ကန်ပက်လက်ရဲမေတစ်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၄ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ကျင်းပနေသော မင်္ဂလာဆောင်ပွဲတစ်ခုကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ CDF ကန်ပက်လက် ရဲမေတစ်ဦး အပါ အဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။ ယနေ့...