သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၄
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲကျေးရွာတွင် ဆက်ကြေးကောက်ပြီး ပြန်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၇ ဦး သေဆုံးပြီး လက်နက် ၈ လက်နှင့်ခဲ ယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန် မြင်းခြံမြို့နယ် ကုက္ကဲ အထက်တန်းကျောင်း ခွဲတွင် အထိုင်ချတပ်စွဲထားသော စစ်သားများသည် ကုက္ကဲကန်အောက်နေရာ၌ ပြည်သူများနှင့် ခရီး သွားပြည်သူများကို ဆက်ကြေးကောက်ပြီး ၎င်းတို့ တပ်စွဲထားရာ နေရာကို ပြန်လာစဉ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၇ ဦးစလုံးသေဆုံး နေရာမှာပင်ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။
ထိုသို့ သေဆုံးစစ်သားများထံ MA 3 အမျိုးအစား သေနတ် ၆ လက်၊ ကျည် ဘောက် ၂၀ ခု ၊ MA5 အမျိုးအစား သေနတ် ၁ လက်၊ ၆၀ မမ ၁ လက်၊ 5.56 ကျည် ၉၀၄ တောင့်၊ 9 မမ ကျည် ၅ တောင့်၊ ၆၀ မမကျည် ၃ ခု၊ အီနီဂါ ၂ လုံး ၊ ဓား ၅ ချောင်း ၊ လက်ပစ်ဗုံး ၂ လုံး၊ လေးခွ ၂ လက်၊ ဝက်အူ လှည့် ၁ ချောင်း၊ ငွေသား ၁၄၉,၂၀၀၀ကျပ် ၊ ဖုန်း ၇ လုံး၊လက်ပတ်နာရီ ၂ လုံး၊စစ်သုံးဆောင်အများအပြားကို သိမ်းဆည်းရမိကြောင်း သိရသည်။
“ကုက္ကဲစခန်းကနေ အရှေ့ကို ထွက်လာရင် ကုက္ကဲကန်အောက်ဆိုတာရှိတယ်။ အဲဒီနေရာမှာ ဆက် ကြေး တွေကောက်ပြီးမှ နောက်ကို ပတ်ကင်းပြန်ပတ်လာတာ၊ သူတို့ ဆက်ကြေးကောက်ပြီးမှ ပြန် လာတဲ့ အချိန် လမ်းကနေဖြတ်တိုက်တာ၊ စခ ၇ ဦးသေတာ၊ လက်နက်က ၈ လက်ရခဲ့တယ်၊ ၃ နဲ့ဗိုလ် ရော သေတာ၊ အတိုတွေရောဘာတွေရော အကုန်ရတာ၊ ဆက်ကြေးကောက်ဖို့က ၇ ယောက် ထွက် လာတာ၊ အဲဒီထွက်လာတဲ့ ၇ ယောက်လုံးပျောက်သွားတာ၊ နေရာတင်ပွဲချင်းပြီး သေတယ်။ စစ်ကူ လာတာ မျိုးမရှိဘူး။ စခန်းဘက်ကနေတော့ လှမ်းပစ်တာတွေရှိတယ်။ အေးအေးဆေးဆေး နယ်မြေ ရှင်းလင်း ရေးရော လုပ်လာနိုင်ခဲ့တယ်။” ဟု ရွှေခြံသားပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ ၊ တိုက်နယ် ၁ တပ်ဖွဲ့ဝင်များက တိုက်ခိုက် ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဆက်လက်တိုက်ခိုက် သုတ်သင်ရှင်းလင်းသွား မည်ဖြစ် သောကြောင့် မိဘပြည်သူများအနေ ဖြင့် ဗုံးခိုကျင်းများ အသင့်အနေအထားဖြင့် အထူးသတိပြုနေ ထိုင်ကြပါရန် တိုက်တွန်းထားသည်။
Thanlwin Myanmar Media