သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၄
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆုံရွာစခန်းမှ ငါန်းမြာကြီးရဲကင်းစခန်းဘက်သို့ ထွက်လာ သော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးပြီးလက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်းမန္တလေးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။
ဩဂုတ်လ ၂၁ ရက် မွန်းတည့် ၁၂ နာရီခန့်က မြင်းခြံမြို့နယ်၊ ဆုံရွာစခန်းမှ ဆိုင်ကယ် ၁ စီး၊ ထော်လာ ဂျီ ၁ စီးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ၊ ပျူစောထီး ၈ ဦး နေရာမှာပင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများထံမှ G3 အမျိုးအစားသေနတ် ၃ လက် ၊ MA 11 အမျိုးအစား သေနတ် ၁ လက် ၊ G3 ကျည်ဘောက် ၅ ခု ၊ G3 ကျည် ၄၇ တောင့်နှင့် ဆိုင်ကယ် ကလစ် ၁ စီးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရသူများအနက် စစ်သား၊ ရဲ၊ ပျူ စောထီး ၆ ဦးမှာ ထပ်မံသေဆုံးသွားသည်ဟု ဩဂုတ်လ ၂၃ ရက်နေ့က သတင်းရရှိထားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မန္တလေးခရိုင်၊အမှတ် ၅ တပ်ရင်း ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်) ၊ မြင်းခြံမြောက်ပိုင်းသားများပြောက်ကျားတပ်ဖွဲ့၊ အမရပူရမြို့နယ် ပ.က.ဖ၊ အောင်တံခွန် ပြောက် ကျားတပ်ဖွဲ့ (ငါန်းဇွန်) ၊ မြင်းခြံခရိုင်၊အမှတ် ၄ တပ်ရင်း ၊ မြင်းခြံခရိုင်၊အမှတ် ၁၀ တပ်ရင်း ၊ ငါန်းနတ် ပြောက်ကျားတပ်ဖွဲ့ နှင့် ကျားမင်းပြောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းပြီး ပြည်သူ့ ကာကွယ်ရေတးပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
မြင်းခြံခရိုင် အမှတ် ၅ တပ်ရင်းရဲဘော်များတွင် ကျည်၊ ကျည်ကာဝတ်စုံများ လိုအပ်လျက်ရှိပြီး ပြည်တွင်း၊ ပြည်ပရှိ မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံထားသည်။
Thanlwin Myanmar Media