ညောင်ဦးမြို့နယ်၊ တောင်ဇင်းရဲစခန်းမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၈ ဦး သေဆုံး

ညောင်ဦးမြို့နယ်၊ တောင်ဇင်းရဲစခန်းမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၈ ဦး သေဆုံး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၃

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းရဲစခန်းမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၈ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် ကထုတ် ပြန်သည်။

ဩဂုတ်လ ၁၁ ရက် နံနက် ၅ နာရီ ၂၀ မိနစ်က ညောင်ဦးမြို့နယ် တောင်ဇင်းရဲစခန်းမှ အင်အား ၂၀၀ ခန့်ဖြင့် ရွာသစ်တောင် (ပြင်းဒိုင်း) ကျေးရွာဘက်သို့ ထွက်လာသော စစ်ကောင်စီတပ်သား၊ ရဲနှင့် ပြည် သူ့စစ်များပါဝင်သည့် ပူးပေါင်း စစ်ကြောင်းကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော်မှ ချောင်းဝနှင့် ရွာ သစ်တောင်ရွာကြား တနေရာ၌ ပေပါမိုင်းပွိုင့်တစ်ခု၊ ပဒေသာ မိုင်းပွိုင့်နှစ်ခုဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်သား ၁၈ ဦး သေဆုံးကာ ၆ ဦးအပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာနေရာသို့ တောင်ဇင်းရဲစခန်းမှ သံချပ်ကာကား ၄ စီး၊ ညောင်ဦးမြို့မှ စစ် ကား ၆ စီး ဖြင့် အင်အားဖြည့်တင်းခဲ့ကြောင်း သိရသည်။

အင်အားဖြည့်တင်းခဲ့သည့် စစ်ကြောင်း ၂ ကြောင်းမှ တစ်ကြောင်းသည် ရွာသစ်တောင်ရွာ၌ လည်း ကောင်း၊ အခြားစစ်ကြောင်းတစ်ကြောင်းသည် ချောင်းရှည်ကျေးရွာ၌ လည်းကောင်း ဝင်ရောက်တပ် စွဲ နေထိုင်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၆၀ ကျော်အရွယ် အ ဖွားအိုတစ်ဦး ခြေထောက်တစ်ဖက် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး စစ်တပ် စစ်ကြောင်းကြောင့် ရွာသစ် တောင်ရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူများမှာ ဘေးလွတ်ရာသို့ စစ်ဘေးရှောင် နေထိုင် လျက်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

တလုပ်မြို့တိုက်ပွဲအတွင်း TNLA ရဲဘော်များလည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦး သေ ဆုံး၊ အထိနာသော စစ်တပ်ဘက်က လေကြောင်း၊ ဟောင် ဝှစ်ဇာလက်နက်ကြီး များဖြင့် အပြင်း အထန်ခုခံမှုကြောင့် ပြန်ဆုတ်ခဲ့ရ   သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၃   မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊...