Mandalay News

Mandalay News

တလုပ်မြို့တိုက်ပွဲအတွင်း TNLA ရဲဘော်များလည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦး သေ ဆုံး၊ အထိနာသော စစ်တပ်ဘက်က လေကြောင်း၊ ဟောင် ဝှစ်ဇာလက်နက်ကြီး များဖြင့် အပြင်း အထန်ခုခံမှုကြောင့် ပြန်ဆုတ်ခဲ့ရ

 

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၃

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ တိုက်ပွဲတွင်TNLA ရဲဘော်များလည်း ပူးပေါင်းပါဝင်တိုက် ခိုက်ခဲ့ပြီး စစ်သား ၈ ဦး ထက်မနည်းသေဆုံးကာ အထိနာသော စစ်တပ်ဘက်က လေကြောင်း၊ ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် အပြင်းအထန် ခုခံသောကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း CDSOM ဗိုလ်စင်္ကြာစစ်ကြောင်းက ထုတ်ပြန်သည်။

 

ဩဂုတ်လ ၉ ရက် နံနက် ၆ နာရီအချိန်က မြင်းခြံမြို့နယ် တလုပ်မြို့ ၌ အထိုင်ချတပ်ဆွဲထားသော စစ်ကောင်စီတပ်သားများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ စစ်ကြောင်း ၃ ကြောင်း ဖြန့်ခွဲ၍ လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီအထိ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၈ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အထိနာပြီး ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် အလုံး ၃၀ ထက်မနည်း၊ ဂျိုင်လိုကော်ပရာ ၃ စီး ဖြင့် ဗုံးသီး ၁၂လုံး ကြဲချခဲ့သည့်အပြင် Mi 35 ရဟတ်ယာဉ် ဖြင့် ပါ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ ထို့အပြင် မြင်းခြံမြို့မှ မြေပြင် စစ်ကူစစ်ကြေင်းများလည်း ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် လေကြောင်း၊ လက်နက်ကြီး၊ မြေပြင်စစ်ကူစစ်ကြောင်းများကြောင့် တလုပ်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိပဲ ပြန်လည်ဆုတ်ခွာခဲ့ရပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၈ ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို 1. CDSOM (ဗိုလ်စင်္ကြာစစ်ကြောင်း) နှင့် PDF (Taloke) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး မစိုးရိမ်ရ  ဒဏ်ရာရရှိကာ ကျန်ရဲဘော် များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း TNLA ဘတ်တံဆိပ်များဖြင့် တိုက်ခိုက်ခဲ့သည့် ရဲဘော်များလည်း တွေ့ရှိရပြီး TNLA တပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ကိုတွေ့ရှိရပြီး PDF တပ်ဖွဲ့မှ တရားထုတ်ပြန်ထားခြင်းတော့မရှိပေ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ညောင်ဦးမြို့နယ်၊ တောင်ဇင်းရဲစခန်းမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၈ ဦး သေဆုံး

ညောင်ဦးမြို့နယ်၊ တောင်ဇင်းရဲစခန်းမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၈ ဦး သေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၃ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းရဲစခန်းမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၈ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် ကထုတ် ပြန်သည်။ ဩဂုတ်လ ၁၁ ရက် နံနက် ၅ နာရီ ၂၀ မိနစ်က...