တောင်သာမြို့နယ်၊ ဝဲလောင်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည်ထိုင်သောက်နေသော တရုတ်ပိုက်လိုင်းစောင့် စစ်သား ၂ ဦးကို ဝဲလောင်ကျေးရွာ စခန်းမှူးက PDF အထင်ဖြင့် ပစ်ခတ် ဖမ်းဆီးမှု စစ်သား ၂ ဦး စလုံးသေဆုံး

တောင်သာမြို့နယ်၊ ဝဲလောင်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည်ထိုင်သောက်နေသော တရုတ်ပိုက်လိုင်းစောင့် စစ်သား ၂ ဦးကို ဝဲလောင်ကျေးရွာ စခန်းမှူးက PDF အထင်ဖြင့် ပစ်ခတ် ဖမ်းဆီးမှု စစ်သား ၂ ဦး စလုံးသေဆုံး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၂

မန္တလေးတိုင်း ၊ တောင်သာမြို့နယ်၊ ဝဲလောင်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည်ထိုင် သော စစ်သား ၂ ဦးကို ဝဲလောင်စခန်းမှူးအဖွဲ့မှ PDF အထင်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ စစ်သား ၂ ဦးစလုံးသေဆုံးသွား ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဩဂုတ်လ ၁၁ ရက် နံနက် ၁၁ နာရီခန့်က တောင်သာမြို့နယ်၊ အေးရွာကျေးရွာအနောက် ဘက်ရှိ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့် စစ်သား ၂ ဦးသည် ဝဲလောင်ကျေးရွာရှိ ရွှေန္တလေးလက်ဖက် ရည်ဆိုင်သို့ လက်နက်များဖြင့်ရောက်ရှိလာပြီး လက်ဖက်ရည် ထိုင်သောက်နေစဉ် ဝဲလောင်စခန်းမှူး ရာဇာမင်းဦးဆောင်သော အဖွဲ့က ဝင်ရောက်ပစ်ခတ်ဖမ်းဆီးရာ စစ်သား ၂ ဦး စလုံးသေဆုံးသွား ကြောင်း သိရသည်။

“အဲဒီစခ နှစ်ယောက်က ဝဲလောင်ရဲ့အနောက်ဘက် တစ်ရွာကျော်မှာ တရုတ်ဂတ်စ်ပိုက်လိုင်းဆိုတာ ရှိတယ်။ ကျနော်တို့တောင်သာမြို့နယ်မှာ ဂတ်စ်ပိုက်လိုင်းစောင့်နေရာရှိတယ်။ တွင်းရုံပေါ့၊ အဲဒီက နှစ်ယောက်က ဝဲလောင်စခန်းနားမှာရှိတဲ့ လက်ဖက်ရည်ဆိုင်ကို လက်ဖက်ရည်လာသောက်တာ။ လက်နက်တွေလည်းယူလာပြီး အရပ်ဝတ်တွေနဲ့လာသောက်တော့ စခ သတင်းပေးကလည်း PDF တွေရောက်နေတယ် သတင်းပေးလို့ စခန်းမှူးနဲ့အဖွဲ့ အပိုင်ဆိုပြီးသွားပစ်တာ၊ စခနှစ်ယောက်လုံး ခေါင်းတည့်တည့်မှန်ပြီး သေသွားတာ၊ PDF အလောင်းနှစ်လောင်းနဲ့လက်နက်တွေဘာသိမ်းဆည်း ရရှိတယ်ဆိုပြီး လုပ်ပြီးမှ ကိုယ့်အချင်းချင်းချင်းမှန်းသိတာ၊ တရုတ်ပိုက်လိုင်းစောင့် စခတွေ ဆင်း လာပြီး အလောင်းကိုလာသယ်မြေမြှုပ်ပစ်လိုက်တယ်၊ နောက်ဆက်တွဲတော့ မသိရသေးဘူး” ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့- ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးသွားသော စစ်သား ၂ ဦး၏ ရုပ်အလောင်းကို တရုတ်ပိုက် လိုင်း စောင့် စစ်တပ်က လာရောက်သယ်ဆောင်သွားပြီး မြေမြှုပ်သင်္ဂြိုလ်လိုက်ကြောင်း၊ စစ်တပ် အရာရှိ နှင့် ဝဲလောင်စခန်းမှူး ရာဇာမင်းတို့ကြား အချင်းများမှုရှိပြီး ယင်းသတင်းကိုလည်း ဖုံးဖိထားကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့်ဖယ်ခုံမြို့နယ်တို့တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ အရာရှိများအပါအဝင် စစ်သားအများအပြားသေဆုံး၊ စစ်တပ်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့်ဖယ်ခုံမြို့နယ်တို့တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ အရာရှိများအပါအဝင် စစ်သားအများအပြားသေဆုံး၊ စစ်တပ်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ကရင်နီပြည်နယ် ၊လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို မြို့နယ်များတွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ် တပ်က အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးကာ ယင်းစစ်တပ် စစ်ကြောင်းများမှ စစ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း KNDF ဗဟို...