သပိတ်ကျင်းမြို့နယ်၊ လမ်းလယ်ကျစ်ကျေးရွာ၌ နာရေးအခမ်းအနားပြုလုပ်နေစဉ် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁၁ ဦးသေဆုံးပြီး ၄၀ ခန့်ထိခိုက်ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ လမ်းလယ်ကျစ်ကျေးရွာ၌ နာရေးအခမ်းအနားပြုလုပ်နေစဉ် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁၁ ဦးသေဆုံးပြီး ၄၀ ခန့်ထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၀

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လမ်းလယ်ကျစ်ကျေးရွာ၌ နာရေးအခမ်းအနားပြုလုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၁ ဦးသေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထံမှ သိသည်။

ဩဂုတ်လ ၈ ရက် နံနက် ၈ နာရီ ခန့်က သပိတ်ကျင်းမြိုနယ်၊ လမ်းလယ်ကျစ်ကျေးရွာရှိ နေအိမ် တစ်အိမ်၌ နာရေးရက်လည်အခမ်းအနား ပြုလုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က အသေခံ ဒရုန်းတစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၁ ဦးသေဆုံးပြီး ၄၀ ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“နာရေးအိမ် ဗုံးကျဲ သွားတာက လမ်းလယ်ကျစ်ကျေးရွာပါ၊ လူအုပ်ထဲကျလို့ ၁၀ ဦး အခင်းဖြစ်နေရာ မှာ ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရတဲ့သူက ၄၀ လောက်ရှိတယ်၊ မနေ့က တစ်ဦးသေသွားတယ်။ မှတ် တမ်းဓာတ်ပုံတွေလည်း မရသေးဘူး။ အသေးစိတ်လည်း မသိရသေးဘူး” ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) မှ ပြောရေးဆိုခွင့်ရှိ သူ ကိုအော်စမွန်က ပြောကြားသည်။

ထိုသို့ အသေခံ ဒရုန်းဖြင့် ဗုံးကျဲပြီးနောက် နံနက် ၈ နာရီခွဲခန့်တွင်လည်း အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာတစ်စီးဖြင့် ပေါင် ၅၀၀ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ နေအိမ် ၆ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

လမ်းလယ်ကျစ်ကျေးရွာသည် တိုက်ပွဲများဖြစ်နေသည့် ၇ မိုင်ကျေးရွာတောင်ဘက် နှစ်မိုင် နီးပါး အ ကွာအဝေး၌ တည်ရှိပြီး အိမ်ခြေ ၂၀၀ ကျော်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်က ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်း၊ ဒရုန်း၊ လက် နက်ကြီးများဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်နေသောကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးအသိ၊ သတိရှိစွာဖြင့်နေထိုင်ပေးကြပါရန်နှင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက်နာကျင့်သုံးပေးကြပါရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုးကုတ်မြို့အရှေ့ပိုင်း၊ ကျောက်နဂါးဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု သံဃာတစ်ပါးနှင့် ပြည်သူ ၄ ဦး သေဆုံး ပြီး နေအိမ် ၅ လုံးပျက်စီး

မိုးကုတ်မြို့အရှေ့ပိုင်း၊ ကျောက်နဂါးဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု သံဃာတစ်ပါးနှင့် ပြည်သူ ၄ ဦး သေဆုံး ပြီး နေအိမ် ၅ လုံးပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၀ မန္တလေးတိုင်း၊ TNLA ထိန်းချုပ်ထားသော မိုးကုတ်မြို့အရှေ့ပိုင်းရှိ ကျောက်နဂါးဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတစ်ပါးနှင့် ပြည်သူ ၄ ဦး သေဆုံးပြီးခဲ့နေအိမ် ၅ လုံး ပျက်စီး ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယမန်နေ့...