ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်ရှိ တလင်းကုန်းတံတား စစ်တပ် ဂိတ်စခန်းကို ဝင်ရောက်တိုက် ခိုက်မှု ရဲ ၂ ဦးသေဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်ရှိ တလင်းကုန်းတံတား စစ်တပ် ဂိတ်စခန်းကို ဝင်ရောက်တိုက် ခိုက်မှု ရဲ ၂ ဦးသေဆုံး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၆

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန် -မန္တလေးအမြန်လမ်း၊ မိုင်တိုင် ၂၈၈/ ၇ ဖာလုံရှိ တလင်း ကုန်း တံတား စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံ ခရိုင် အမှတ် ၈ တပ်ရင်းထံမှ သိရသည်။

ယမန်နေ့ ဩဂုတ်လ ၅ ရက် နံနက် ၅ နာရီခန့်က မိတ္ထီလာမြို့နယ် ၊ ရန်ကုန် -မန္တလေးအမြန်လမ်းမ ပေါ် တလင်းကုန်းကျေးရွာအနီးရှိ မိုင်တိုင် ၂၈၈/ ၇ ဖာလုံ၌ တည်ဆောက်ထားသော အကြမ်းဖက်စစ် တပ်လက်အောက်ခံ ရဲ ၁၁ ဦးဖြင့် စစ်ရေးလုပ်ဆောင်နေသည့် ဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲချိန်က နာရီဝက်လောက်ကြာတယ်၊ အဲဒီဂိတ်က မိတ္ထီလာမြို့နဲ့လည်းနီးတယ်၊ ၁၀ မိုင် လောက်ပဲဝေးတာ၊ ၉၉ ဌာနချုပ်နဲ့ဆိုရင် ၅ မိုင်လောက်ပဲဝေးတာ၊ ၂ ဦးကျတယ်လို့ သတင်းရ ထား တယ်၊ တိုက်ပွဲထဲမှာက တစ်ဦး၊ နောက်ထပ်ဆေးရုံမှာက တစ်ဦး ၂ ဦးကျတာ၊ အမြန်လမ်း တ လျှောက်တပ်ကူကလည်းနီးတော့ အပြီးမသိမ်းနိုင်ခဲ့တာ၊ လက်နက်တွေလည်း ရခဲ့တာမရှိဘူး” ဟု မြင်းခြံ ခရိုင် အမှတ် ၈ တပ်ရင်း တာဝန်ခံ ကိုလင်းလက်က ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း – Nahtogyi Regional Defense Force – NRDF ၊ မိတ္ထီလာခရိုင် တပ်ရင်း ၃ နှင့် မလှိုင်မြို့နယ်ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကိုင်းမြို့ရှိ အမှတ် ၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဗိုလ် ၁ ဦး အပါအဝင် ၁၅ ဦးသေဆုံး

စစ်ကိုင်းမြို့ရှိ အမှတ် ၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဗိုလ် ၁ ဦး အပါအဝင် ၁၅ ဦးသေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၆ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အမှတ် ၃ ရဲလေ့ကျင့်ရေး သင်တန်းကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဗိုလ် ၁ ဦးအပါအဝင် ၁၅ ဦး သေဆုံးခဲ့ကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်းထံမှ သိရသည်။ ဩဂုတ်လ ၄...