ညောင်ဦးမြို့နယ်တွင် အင်အား ၁၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဒုစစ်ကြောင်းမှူး အပါအဝင် စစ်သား ၁၀ ဦးထက် မနည်းသေဆုံး

ညောင်ဦးမြို့နယ်တွင် အင်အား ၁၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဒုစစ်ကြောင်းမှူး အပါအဝင် စစ်သား ၁၀ ဦးထက် မနည်းသေဆုံး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၃

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် အင်အား ၁၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဒုစစ်ကြောင်းမှူးအပါအဝင် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Black Eagle PDF – Bagan တပ်ဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ ၃၁ ရက်နေ့က ညောင်ဦးမြို့နယ်၊ ဂန့်ဂါရွာမှ ထွက်လာသော တင့်ကားပါ အင်အား ၁၀၀ ခန့်ဖြင့် ထွက်လာသည့် စစ်တပ် စစ်ကြောင်းသည် ကြအိုကျေးရွာသို့ ဝင်ရောက်ပြီး ပြည်သူများ၏ နေအိမ်များကို ဖောက်ထွင်းကာ ပစ္စည်းများခိုးယူပြီး ယာယီတပ်စွဲခဲ့ကြောင်း သိရသည်။

ထို့နောက် ဩဂုတ်လ ၁ ရက်န့တွင် ကြအိုကျေးရွာမှ ဆက်လက် ထွက်လာစဉ် Black Eagle PDF – Bagan တပ်ဖွဲ့မှ အသင့်စောင့်ကြိုကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဒုစစ်ကြောင်းမှူး အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ဂျိုးကန်ရွာအတွင်းသို့ ဆက်လက်ဝင်ရောက်သွားပြီး တစ်ညအိပ်တပ်စွဲကာ ယင်းမှတဆင့် အရှေ့ကန်ကြီးကုန်းရွာရောက်ရှိခဲ့ကြောင်း၊ အရှေ့ကန်ကြီး ကုန်းကျေးရွာနေပြည်သူ ၃ ဦးကို ဓားစာခံဖမ်းဆီးကာ ချောင်းရှည်ရွာတို့ကို ဖြတ်သန်း၍ တောင် ဇောင်းရဲစခန်းအတွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းကြောင့် ကြအိုရွာ၊ ကျိုးကန်ရွာ၊ အရှေ့ကန်ကြီးကုန်းကျေးရွာ၊ ချောင်းရှည်ရွာတို့အပါအဝင် ဘေးပတ်လည်ကျေးရွာများမှ ပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက် ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အတွင်း မကြာခဏ တိုက်ပွဲများဖြစ်ပွားလျက်ရှိသောကြောင့် လိုအပ်သည့် လက် နက်ခဲယမ်းများ ကူညီထောက်ပံ့ပေးကြပါရန် Black Eagle PDF – Bagan တပ်ဖွဲ့က မေတ္တာ ရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကနီမြို့ပေါ်တွင် ကင်းလှည့်ထွက်လာသော စစ်တပ် စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်မှု စစ်သား နှင့် ရဲ ၇ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

ကနီမြို့ပေါ်တွင် ကင်းလှည့်ထွက်လာသော စစ်တပ် စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်မှု စစ်သား နှင့် ရဲ ၇ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၈ စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်တွင် ကင်းလှည့်ထွက်လာသော စစ်တပ် စစ်ကြောင်းကို အသင့် စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ရဲ ၇ ဦး သေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ကျောက် လုံးကြီး KLG PDF တပ်ဖွဲ့ထံမှ သိရသည်။...