နွားထိုးကြီးမြို့နယ်၊ မင်းကုန်းရွာနှင့် သနပ်ခါးတောရွာကြားတွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ ရဲ ၄ ဦး သေဆုံး

နွားထိုးကြီးမြို့နယ်၊ မင်းကုန်းရွာနှင့် သနပ်ခါးတောရွာကြားတွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ ရဲ ၄ ဦး သေဆုံး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၃

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မင်းကုန်းကျေးရွာနှင့် သနပ်ခါးတောကျေးရွာကြားတွင် တိုက်ပွဲ ဖြစ်ပြီး စစ်သား၊ ရဲ ၄ ဦးသေဆုံးခဲ့ကြောင်း စစ်ကောင်စီတပ် သတင်းရင်းမြစ်ထံက သိရသည်။

ဇူလိုင်လ ၂၇ ရက် နံနက် ၉ နာရီ ၃၀ မိနစ်မှ ၁၂ နာရီ ၃၀ မိနစ်အချိန်အထိ နွားထိုးကြီးမြို့နယ်၊ မင်း ကုန်းရွာနှင့် သနပ်ခါးတောကျေးရွာကြား လမ်းမပေါ်တွင် စစ်တပ်၊ ရဲ အင်အား ၁၅၀ ခန့်ပါ စစ် ကြောင်းကို နွားထိုးကြီးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်သား ၁ ဦး ၊ ရဲ ၃ ဦးသေဆုံးပြီး စစ်သား ၃ ဦး ၊ ရဲ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သေဆုံး၊ ဒဏ်ရာရ စစ်သား၊ ရဲများကို ရကဖ ၁ ရဲမှူးကြီးကျော်ဇင်သန့် ဦးစီးအဖွဲ့က မန္တလေးမြို့ နန်းတွင်းရှိ မဆရ ၁ အတွင်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဒဏ်ရာရ စစ်သည်များကို စစ်ဆေးဗိုလ်ကြီး ဟိန်းထက်နောင်နှင့်အဖွဲ့က လက်ခံကုသပေးထားပြီး သေဆုံးစစ်သည်များကို ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကနီမြို့ပေါ်တွင် ကင်းလှည့်ထွက်လာသော စစ်တပ် စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်မှု စစ်သား နှင့် ရဲ ၇ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

ကနီမြို့ပေါ်တွင် ကင်းလှည့်ထွက်လာသော စစ်တပ် စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်မှု စစ်သား နှင့် ရဲ ၇ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၈ စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်တွင် ကင်းလှည့်ထွက်လာသော စစ်တပ် စစ်ကြောင်းကို အသင့် စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ရဲ ၇ ဦး သေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ကျောက် လုံးကြီး KLG PDF တပ်ဖွဲ့ထံမှ သိရသည်။...