စဉ့်ကူးမြို့နယ်၊ လက်ပံလှရဲစခန်းနှင့် ရွှေပန်းတောကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြစ်ဒဏ်ကျ၊ စစ်ဆေးဆဲ အချုပ်သားများ ၂၂ ဦးနှင့် ပြည်သူ ၂ ဦး သေဆုံး
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၃၀
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှရဲစခန်းနှင့် ရွှေပန်းတောကျေးရွာကို တို့ကို စစ်ကောင်စီတပ် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြစ်ဒဏ်ကျ၊ စစ်ဆေးဆဲ အချုပ်သား ၂၂ ဦးနှင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေးက သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဇူလိုင်လ ၂၉ ရက် ညနေပိုင်းက စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာရှိ ရဲစခန်းကို အကြမ်း ဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြစ်ဒဏ်ကျ အကျဉ်းသားများနှင့် စစ်ဆေးဆဲ သံသယ တရားခံ အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ပြီး ၃၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“လက်ပံလှ ရဲစခန်းက စစ်ဆေးနေဆဲ သံသယတရားခံတွေပေါ့၊ လေယာဉ်သတင်းပေး၊ စစ် ကောင်စီ ထံ သတင်းပေးစတဲ့ သံသယတရားခံတွေကို စစ်ဆေးတဲ့နေရာ၊ ပြီးတော့ ပြည်သူကို အချုပ်ချ၊ ပြစ် ဒဏ်ကျ ပြည်သူတွေ ထားတဲ့နေရာဖြစ်ပါတယ်။ အဓိကတော့ ဒေသတွင်းတည်ငြိမ်ရေးနဲ့ တရား ဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်တဲ့နေရာဖြစ်ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ် မတော် -မန္တလေးမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိ သူ ကိုအော်စမွန်က ပြောကြားသည်။
အလားတူ စဉ့်ကူးမြို့နယ်၊ ရွှေပန်တောကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထား၍ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက် မှုများ ဆက်တိုက်ပြုလုပ်၍ စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်လျက်ရှိကြောင်း ပြည် သူ့ကာ ကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media