Mandalay News

Mandalay News

ပြင်ဦးလွင် ၊ ပုသိမ်ကြီး၊ မတ္တရာနှင့် နောင်ချိုမြို့နယ်တို့အတွင်းရှိ စစ်ကောင်စီတပ်၏ လူ ၊ လက်နက်၊ ခဲယမ်းတိုက် တည်နေရာများကို အတိအကျ သတင်းပေးနိုင်သူအား ထိုက်ထိုက်တန်တန် ဆုငွေချီး မြှင့်မည်

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၉

 

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့ အတွင်း ရှိ စစ်ကောင်စီတပ် လူ၊ လက်နက်၊ ခဲယမ်းတိုက်နေရာများ အတိအကျ သတင်းပေးနိုင်သူအား ထိုက် ထိုက်တန်တန် ဆုငွေချီးမြှင့်မည်ဖြစ်ကြောင်း SSTF အထူးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

ပြင်ဦးလွင်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်နှင့်‌ နောင်ချိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် ရင်းတပ်ဖွဲ့ အသီးသီးတို့၏ လူအင်အား၊ လက်နက်အင်အား၊ လက်ခဲယမ်းတိုက် တည်နေရာများ၊ စစ် ရေးစီမံချက်များ၊ တပ်တည် တပ်လှုပ် သတင်းများ၊ တပ်တွင်း ခံစစ် စည်းဖွဲ့စည်းပုံနှင့် စစ်ရေးလှုပ်ရှား မှုသတင်းများ၊ လက်နက်ကြီး အထိုင်စခန်း တည်နေရာများ သတင်းကို အလိုရှိခြင်းဖြစ်ကြောင်း အသိ ပေးထားသည်။

ထို့အပြင် နေရာဒေသအသီးသီး၌ ဖြန့်ကျက်ထားသော စစ်စခန်းအသီးသီး၊ တိုက်ကင်းလှည့်လည် သည့် စိုးမိုးဧရိယာ တို့နှင့်ပတ်သက်၍လည်း မိမိတို့သိရှိသမျှ သတင်းအချက်အလက်များကို SSTF အ ထူးထပ်ဖွဲ့၏ Telegram ဖြစ်သည့် t.me/SSTF55 ကို ပေးပို့နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

 

စစ်ကောင်စီတပ်အတွင်းနေထိုင်သည့် ဖရဲသီးတပ်ဖွဲ့ဝင်များအနေဖြင့် ယုံကြည်စိတ်ချစွာ သတင်း ပေးပို့နိုင်ပြီး ပေးပို့လာသော သတင်းအချက်အလက်များ အပေါ်မူတည်၍ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရန် စီစဉ်ထားသလို သတင်းပေးပို့သူ ဖရဲသီးတပ်ဖွဲ့ဝင်များအတွက် ဘဝအာမခံချက်ပါ ပေး အပ်သွားမည်ဖြစ်ကြောင်း SSTF အထူးတပ်ဖွဲ့က ပြောဆိုထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက် ခိုက်မှု အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၉ ဦးသေဆုံး

မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက် ခိုက်မှု အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၉ ဦးသေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်၊ မန်ဟုန်း‌ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအ၀င် ပြည်သူ ၉ ဦး သေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ...