Mandalay News

Mandalay News

ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၅

 

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း The Voice of Mandalay က ထုတ်ပြန်သည်။

 

ယနေ့ ဇူလိုင်လ ၂၅ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က တစ်ကြိမ်၊ ၁ နာရီ ၃၀ မိနစ်က တစ်ကြိမ်၊ ၄ နာရီ ၈ မိနစ်က တစ်ကြိမ်၊ ၄ နာရီ ၁၂ မိနစ်က တစ်ကြိမ်၊ ၅ နာရီ ၄၃ မိနစ်က တစ်ကြိမ် အကြမ်းဖက် စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ ဇူလိုင်လ ၂၅ ရက် ညနေ ၄ နာရီ ၁၈ မိနစ်က တစ်ကြိမ်၊ ၄ နာရီ ၁၉ မိနစ်တွင် တစ်ကြိမ် ၊ ၄ နာရီ ၂၂ မိနစ်တွင် တစ်ကြိမ်၊ ၄ နာရီ ၂၅ မိနစ်က တစ်ကြိမ်၊ ၄ နာရီ ၂၇ မိနစ်တွင် တစ်ကြိမ် အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် ဇူလိုင်လ ၂၀ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များ၏ သိမ်းပိုက်မှုခံကို ခံထားရသည့် မြကန်သာကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအပြင် မြေပြင်မှ စစ်မှုထမ်း စစ်သားများကို အသေခံတပ်သားများအဖြစ် လည်းကောင်း၊ လူသားလှိုင်းလုံးစစ်ဆင်ရေးဖြင့်လည်း ကောင်း အသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...