မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းရွာနှင့် ပုသိမ်ကြီးမြို့နယ်၊ သရက်ကိုင်းကျေးရွာ၊ မြကန်သာကျေးရွာ တို့ကို တန်ပြန်ထိုးစစ်ဆင်လာသော စစ်တပ်ကို ခုခံတိုက်ခိုက်၊ ဒုဗျူဟာမှူး ဖြိုးကျော်ပါအဝင် စစ်သား ၇ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၂၄
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းရွာနှင့် ပုသိမ်ကြီးမြို့နယ်၊ သရက်ကိုင်းကျေးရွာ၊ မြကန် သာကျေးရွာ တို့ကို တန်ပြန်ထိုးစစ်ဆင်လာသော စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ ဒုဗျူဟာမှူး ဖြိုး ကျော် ပါအဝင် စစ်သား ၇ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။
ဇူလိုင်လ ၂၁ ရက်နေ့မှ ယနေ့ ၂၄ ရက်နေ့အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် မိတ် ဖက် မဟာမိတ်တပ်ဖွဲ့များ ထိန်းချုပ်သိမ်းပိုက်ထားသောမတ္တရာမြို့နယ် ၊ ထန်းပင်ကုန်းကျေးရွာ ၊ ပုသိမ်ကြီးမြို့နယ် ၊သရက်ကိုင်းကျေးရွာနှင့် မြကန်သာကျေးရွာတို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်က အင်အား အလုံးအရင်းဖြင့် တန်ပြန်ထိုးစစ်ဆင်လာခဲ့ရာ ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ပွဲများတွင်း စစ်ကောင်စီတပ်က စစ်တက္ကသိုလ် – DSA အပတ်စဉ် ၅၄ ကျောင်းဆင်းဖြစ်သူ ဒုဗျူဟာမှူး ဖြိုးကျော် အပါအဝင် စစ်ကောင်စီတပ်သား ၇ ဦး၏ ရုပ်အလောင်းနှင့် လက်ခဲယမ်းအချို့ ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ထန်းပင်ကုန်း၊ သရက်ကိုင်း၊ မြကန်သာရွာတွေဘက်ကို စစ်ကောင်စီတပ်က တန်ပြန်ထိုးစစ် အပြင်း အထန်လုပ်ဆောင်ခဲ့ပေမယ့် ကျနောတို့ တော်လှန်ရေးတပ်ဖွဲ့တွေက အပြည့်အဝ ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)နဲ့ မဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ ဘယ်လို အခက်အခဲတွေ၊ ဖိအားတွေရှိနေပါစေ ပန်းတိုင်ကို မမှိတ်မသုန် ဆက်လက်ချီတက်သွားမှာဖြစ်ပါ တယ်” ဟု ပြည်သူ့ကာ ကွယ်ရေး တပ်မတော် (မန္တလေး) မှ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောကြားသည်။
ထိုသို့ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ၏ အမှတ်တံဆိပ်များအရ ပုသိမ်ကြီးမြို့နယ် တန် ပြန်ထိုးစစ်တွင် ကိုးကန့်ကိုယ်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် လက်နက်ခဲ့သည့် ဒေသကွက် ကဲမှုစစ်ဌာနချုပ် – လောက်ကိုင် (လောက်ကိုင် ဒကစ) လက်အောက်ခံ ခလရ ၂၃၉ တပ်ရင်းပါဝင် လာကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က ဇူလိုင်လ ၂၀ ရက်နေ့တွင် ဂျက်ဖိုက် တာဖြင့် ၃ ကြိမ် ၊ Y-12 လေယာဉ်ဖြင့် ၁ ကြိမ် ၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ဂျက်ဖိုက်တာဖြင့် ၄ ကြိမ် ၊ Y-12 လေယာဉ်ဖြင့် ၃ ကြိမ် ၊ Mi-35 ရဟတ်ယာဉ်ဖြင့် ၂ ကြိမ် ၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် ဂျက်ဖိုက် တာဖြင့် ၃ ကြိမ် ၊ Y-12 လေယာဉ်ဖြင့် ၂ ကြိမ် ၊ Mi-35 ရဟတ်ယာဉ်ဖြင့် ၁ ကြိမ် ၊ ဇူလိုင်လ ၂၃ ရက် နေ့တွင် ဂျက်ဖိုက်တာဖြင့် ၁ ကြိမ် ၊ Y-12 လေယာဉ်ဖြင့် ၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media