Mandalay News

Mandalay News

တောင်သာမြို့နယ်၊ ရေအောင်မြင်ဘုန်းကြီးကျောင်းရှေ့၌ ဂိတ်ချထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၄

 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ တပင်ကန်ကျေးရွာ၊ ရေအောင်မြင်ဘုန်းကြီး ကျောင်း ရှေ့၌ ဂိတ်ချ ထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ ကြောင်း မြင်ခြံခရိုင် အမှတ် ၃ တပ်ရင်းထံက သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၂၃ ရက်နေ့က တောင်သာမြို့နယ်၊ တပင်ကန်ကျေးရွာ ဆင်တဲဝ တံတားအနီး ရေအောင်မြင်ဘုန်းကြီးကျောင်း၊ ရှေ့တွင် တပ်စွဲဂိတ်ချထားသော စစ်ကောင်စီတပ်သားများနှင့် ပျူ စောထီးများကို Multi Roter ၊”Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drones ၁၀ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်း ဒဏ်ရာရရှိသူ ၈ ဦးအနက် ၂ ဦးသည် ခြေထောက်ပြတ်ထွက်သွားပြီး သေဆုံးနိုင်သည့်အနေအထားရှိ ကြောင်း၊ ယင်းဂိတ်စခန်းမှ စစ်သား၊ ပျူစောထီးများသည်လည်း မြင်းခြံမြို့သို့ ကား ၃ စီးဖြင့် ဆုတ်ပြေးသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း လက်ရုံးတပ် ဒရုန်းတပ်ဖွဲ့နှင့် မလှိုင်ပြည်သူ့ ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Fixed Wings Drones ၃ စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်တွင် ကြံ့ဖွတ်အမတ် နိုင်ဦးနေအိမ်ပါ ၁၀ လုံးထက်မနည်းကို မီးရှို့ခဲ့သည့် စစ်ကြောင်း အား တိုက်ခိုက်မှု စစ်သား ၁၃ ဦး ထက်မနည်းသေဆုံး (ရုပ်သံ)

ရေဖြူမြို့နယ်တွင် ကြံ့ဖွတ်အမတ် နိုင်ဦးနေအိမ်ပါ ၁၀ လုံးထက်မနည်းကို မီးရှို့ခဲ့သည့် စစ်ကြောင်း အား တိုက်ခိုက်မှု စစ်သား ၁၃ ဦး ထက်မနည်းသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် ကြံ့ဖွတ်အမတ် နိုင်ဦး၏နေအိမ်အပါအဝင် နေအိမ် ၁၀ လုံးထက် မနည်း မီးရှို့ဖျက်ဆီးခဲ့သော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ဦးထက်မနည်း သေ ဆုံးခဲ့ကြောင်း ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့က ထုတ်ပြန်သည်။ စက်တင်ဘာလ ၂၈ ရက်နေ့က...