Mandalay News

Mandalay News

တောင်သာမြို့နယ်တွင် ကြံဖွတ်ပါတီဝင်၊ မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း၏ တူဖြစ်သူ စစ် ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဘိုရဲကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး ရွာပြင်၌ အလာင်းစွန့်ပစ်

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၃

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ကြံ့ဖွတ်ပါတီဝင်၊ မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း၏ တူဖြစ်သူ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဘိုရဲကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး ရုပ်အလောင်းကို ရွာပြင်၌ စွန့်ပစ်ခဲ့ကြောင်း တောင်သာမြို့နယ်လူထုသပိတ်ကော်မတီ ထံက သိရသည်။

 

ဇွန်လ ၂၀ ရက်နေ့က တောင်သာမြို့နယ်၊ တမိုက်သာကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်တပ်က ဝင် ရောက်တပ်စွဲကာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဘိုရဲနှင့်အတူ ကျေးရွာသား ၁၀ ဦးကို ဖမ်း ဆီးခဲ့ကြောင်း၊ ထို့နောက် ရွာသူ၊ ရွာသားများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး ဘိုရဲကို စစ်သား များ က ရိုက်နှက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရိုက်နှက်စစ်ဆေးမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဘိုရဲမှာ ဇူလိုင်လ ၂၁ ရက်နေ့က သေဆုံး သွားပြီး ရုပ်အလောင်းကိုလည်း မွန်းလွဲ ၃ နာရီခန့်တွင် တမိုက်သာကျေးရွာထိပ်ရှိ ချောက်ထဲ၌ စွန့်ပစ် လိုက်ကြောင်း သိရသည်။

 

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ဘိုရဲသည် အကြမ်းဖက် စစ်ကောင်စီက ခန့်အပ်ထားသူဖြစ်ပြီး ကြံ့ ဖွတ်ပါတီ၏ မြို့တော်ဝန်ဟောင်းဖြစ်သူ ဦးအောင်သိန်းလင်း၏ တူဖြစ်ကြောင်း၊ ထို့ ပြင် ဘိုရဲ၏ သား ဖြစ်သူကလည်း လက်ရှိချိန်ထိ အကြမ်းဖက် စစ်ကောင်စီတွင် တာဝန် ထမ်းဆောင်နေသော စစ်ဗိုလ် ၁ ဦးဖြစ်ကြောင်း သိရသည်။

 

တောင်သာမြို့နယ်၊ တမိုက်သာကျေးရွာသည် ပျူကျေးရွာ ၁၀ ရွာရှိအနက် တစ်ရွာအပါအဝင်ဖြစ်ပြီး ဇွန်လအတွင်းက တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူခေါင်းဆောင် ဖိုးအေးအပါ အဝင် ပျူများမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ ထို့နောက် တော်လှန်ရေးတပ်ဖွဲ့များက ကျေးရွာ အတွင်းမှ ပြန်လည် ဆုတ်ခွာလာစဉ် စစ်သား၊ ပျူများများ ထပ်မံဝင်ရောက်တပ်စွဲပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေခြင်းဖြစ်ကြောင်း သိရသည်။

 

တမိုက်သာကျေးရွာသည် မြင်းခြံ -ညောင်ဦးလမ်းမပေါ်တွင် တည်ရှိပြီး ယင်းလမ်းပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်တပ်က ဇူလိုင်လ ၂၂ ရက်နေ့တွင် စစ်ကား ၂ စီးဖြင့် စစ်သားအင်အား များ ထပ်မံဖြည့်တင်းထားကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Jail News

Jail News

စစ်ကောင်စီ၏ စစ်ကြောရေစခန်းတွင် ညှင်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် အင်းစိန် အကျဉ်းထောင်အတွင်း၌ ကျဆုံးသွားသော မဝတ်ရည်အောင်၏ ရုပ်အလောင်းကို ရေဝေးသုဿန်၌ ယနေ့ သင်္ဂြိုလ်မည်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၂   အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးစခန်းတွင် ညှင်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် အင်း စိန်အကျဉ်းထောင်၌ ကျဆုံးသွားသော နိုင်ငံရေး...