မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းရွာ၊ ပုသိမ်ကြီးမြို့နယ်၊ သရက်ကိုင်းရွာ၊ မြကန်သာရွာတို့ရှိ စစ်တပ် စခန်း များကို အပြီးသတ်သိမ်းပိုက်ရရှိ ၊ စစ်သားအလာင်း ၁၅ လောင်း၊ စစ်သုံ့ပန်း ၁၆ ဦးနှင့် တရုတ် နိုင်ငံထုတ် လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၂၁
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းရွာ၊ ပုသိမ်ကြီးမြို့နယ်၊ သရက်ကိုင်းရွာ၊ မြကန်သာရွာ တို့ရှိ စစ်တပ် စခန်း များကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး စစ်သားအလောင်း ၁၅ လောင်း၊ စစ်သုံ့ပန်း ၁၆ ဦးနှင့် တရုတ်နိုင်ငံထုတ် လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ် မတော် -မန္တလေးထံမှ သိရသည်။
ဇူလိုင်လ ၂၀ ရက်နေ့က မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်း ကျေးရွာနှင့် မြကန်သာကျေးရွာတို့ရှိ စစ်ကောင်စီ တပ်စခန်းများအားလုံးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စခန်းများအားလုံး အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ယင်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သား အလောင်း ၁၅ လောင်း၊ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးအပါ အဝင် စစ်သုံ့ပန်း ၁၆ ဦး၊ တရုတ်နိုင်ငံထုတ် ဒရုန်းဂျမ်ဘာ ကားတစ်စီး ၊ ဒရုန်းနှင့်ဆက်စပ်ပစ္စည်းများ အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။စစ်ကူလာတဲ့ စစ် ကြောင်း တွေကိုလည်း ပြန်လှန်ကျအောင် တိုက်ခိုက်နိုင်ခဲ့တာ ရှိပါတယ် စစ်ကောင်စီတွေကတော့ ကွန်ပျူတာတက္ကသိုလ် နဲ့ ထီးတော်မိုးတပ်ထဲ ဆုတ်သွားတယ်လို သိရတယ်။တိုက်ပွဲအတွင်းသိမ်း ဆည်းရရှိတဲ့ ရန်သူ့အလောင်းကတော့ ၁၅ လောင်းပဲ ကျန်ရှိပါတယ်။ တကယ့်လက်တွေ့မှာတော့ ဒီထက်ပိုပြီးအကျအဆုံးများနိုင်တယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်း များတယ်လို့ သိရပါတယ်” ပြည်သူ့ကာကွယ်ရေးတပ် မတော် -မန္တလေးမှ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောကြားသည်။
အဆိုပါ စစ်ဆင်ရေးအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့်အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့ ၊ မတ္တရာမြို့နယ် ပကဖ နှင့် SSTF တပ်ဖွဲ့တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media