Mandalay News

Mandalay News

တောင်သာမြို့နယ်၊ မြင်းခြံ-ပုဂံ-ညောင်ဦးလမ်းပိုင်း တမိုက်သာကျေးရွာမှ ထွက်လာသော စစ်ကား များနှင့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၁

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မြင်းခြံ – ပုဂံ – ညောင်ဦးလမ်း ပိုင်း တမိုက်သာကျေးရွာမှ ထွက် လာသော စစ်ကာား ၂ စီးကို တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦး အပါအဝင်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းထံမှ သိရသည်။

 

ဇူလိုင်လ ၁၉ ရက် (အာဇာနည်နေ့ က တောင်သာမြို့နယ်၊ မြင်းခြံ-ပုဂံညောင်ဦးလမ်း တမိုက်သာ ကျေးရွာမှ Alphard ၂ စီးဖြင့် မြင်းခြံမြို့ဘက်သို့ မောင်းနှင်လာသော စစ်သားများကို လမ်းဘေးမှ ကင်းပုန်းဝပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိ ကာ မြင်းခြံမြို့ ဆေးရုံ သို့ အလျှင်အမြန်မောင်းနှင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည် သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၂၀ ရက်နံနက် ၈ နာရီခန့်တွင် တိုက်ခိုက်ခံရသည့်နေရာအား ထွက်လာသည့် မြင်းခြံမြို့ ပျူ စောထီးခေါင်းဆောင် သီတာယုမွန် ဦးဆောင်သော ပျူများနှင့် စစ်သားများပါသည့်အင်အား ၁၅၀ ခန့် ပါ စစ်တပ်စစ်ကြောင်းကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း လက်ရုံးဒရုန်းတပ်ဖွဲ့ မှ Multi Rotor ၂ စီး ဖြင့် 1 Kg ဗုံးသီး အလုံး ၃၀ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း သီတာယုမွန်ဦးသောစစ်ကြောင်းမှ Drone တက်ဖို့ပြင်နေသည့် နေရာကို တည့်မတ်စွာ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သား၊ ပျူ ၈ ဦးသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာ Drone များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မြေပြင်တိုက်ပွဲလည်း ထပ်မံထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး သီတာယုမွန် ဦးဆောင်သော စစ် ကြောင်းမှာ အထိနာသဖြင့် နံနက် ၁၁ နာရီခွဲခန့်တွင် မြင်းခြံမြို့သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းနှင့်အတူ တောင်သာမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့နှင့် မလှိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဒရုန်းတပ်ဖွဲ့လည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံကျေးရွာအထိုင်ချထားသော စစ်တပ်စခန်းကို လက်နက်ကြီးဖြင့် တိုက် ခိုက်မှု စစ်သား ၁ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၁ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စစ်တပ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Southern...