Mandalay News

Mandalay News

ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့သာစက်မှုဇုံနှင့်ဂွေးကုန်းရွာကြား၌ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ တိုက် ခိုက်မှု စစ်သား ၅ ဦး ထက်မနည်းသေဆုံး

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၁

 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုံနှင့် ဂွေးကုန်းရွာကြား၌ စစ်တပ်စစ် ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း နဂါးနီပြောက်ကျား တပ်ဖွဲ့ -မြင်းခြံထံမှ သိရသည်။

 

ဇူလိုင်လ ၁၉ ရက် မွန်းလွဲ ၁ နာရီခန့်က ငါးဇွန်မြို့နယ်၊ မြို့သာမြို့စက်မှုဇုန်နှင့် ဂွေးကုန်းရွာကြားတွင် အင်အား ၈၀ ခန့်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပေပါမိုင်း ၄ လုံးဖြင့် ၂ ကြိမ်တိတိ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦး ထက်မနည်းသေဆုံးပြီး အများအပြား ဒဏ် ရာရှိခဲ့ကြောင်း သိရသည်။

ငါန်းဇွန်ဘက်ခြမ်း၊ ငါန်းဇွန်နဲ့မြင်းခြံအစပ်မှာ ဆွဲခဲ့တာ၊ ငါန်းဇွန်ဘက်ကနေ ရွာတွေကို မီးရှို့ပြီး၊ အင် အား ၈၀ လောက်နဲ့ စစ်ကြောင်းထိုးရင်းနဲ့လာတာ၊ မြို့သာစက်မှုဇုံနဲ့ ဂွေးကုန်းရွာကြားမှာ မိုင်းဆွဲ လိုက်တာ၊ အဲဒီခွေးစစ်ကြောင်းက ရှေ့ဆက်မတိုးလာတော့ပဲနဲ့ ရွာသာယာဘက်ကို ဝင်နေတယ်။ ပြည်သူတွေကို ရှေ့က ဒိုင်းကာလုပ်လာလို့ ပြည်သူတွေပါတဲ့ ရှေ့ကအသုတ်ကို မဆွဲပဲကျော်ပေး လိုက်တာ၊ နောက်ကနေ စခတွေအများဆုံးလာတဲ့ အသုတ်ကျမှ ဆွဲလိုက်တာပါ၊” ဟု နဂါးနီပြောက် ကျားတပ်ဖွဲ့ -မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ပြည်သူများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးကာ ရှေ့မှ ဖြတ်သန်းသွားလာခိုင်းပြီး ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာများကို လှည့်ပတ်မီးရှို့ ဖျက်ဆီးကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံတိုက်နယ် ၃ နဂါးနီ ပြောက်ကျား ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့မှ ရဲဘော်များက လပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ၊ မိဘပြည်သူများအနေဖြင့် စစ်ကြောင်းစီ၏ စစ်ကြောင်းနှင့် ဝေးရာမှ ရှောင်းရှားသွားလာနေထိုင်ကြပါရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲ ယမ်း အများ အပြား သိမ်းဆည်းရရှိ

ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲ ယမ်း အများ အပြား သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။ စက်တင်ဘာလ ၄ ရက်နေ့က ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၈၀၀ ခန့်...