စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အမိန့်ဖြင့် ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးရွာမှ အိမ်ခြေ ၅၀ ခန့် ဖျက်ဆီးခံရမည့်အခြေအနေရင်ဆိုင်နေရ
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၂၁
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် အမိန့်ဖြင့် ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ အိမ် ခြေ ၅၀ ခန့် ဖျက်ဆီးခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ဒေသနေပြည်သူများထံမှ သိရ သည်။
ဇူလိုင်လ ၂၂ ရက်နေ့နောက်ဆုံးထားကာ အိမ်ခြေ ၅၀ ခန့် ဖျက်ဆီးခံရမည့် အခြေအနေ ကြုံတွေ့နေရ ပြီး ခွင့်ပြုချက်မရှိပဲ ဆောက်လုပ်ထားသည်ဟုဆိုကာ မင်းအောင်လှိုင်လက်အောက်ခံ ထွေအုပ်ဌာန က စာထုတ်ထားကြောင်း၊ ကိုယ်တိုင်ဖျက်ဆီးခြင်းမရှိပါက ဘူဒိုဇာဖြင့် နေအိမ်အကုန်လုံးကို ဖျက်ဆီး မည်ဟု ခြိမ်းခြောက်ခံထားရကြောင်း သိရသည်။
“မေလတုန်းက မင်းအောင်လှိုင် ဗဟိုဝန်ထမ်းတက္ကသိုလ်လာတုန်းက ဟတ်စကီးပေါ်ကနေ ‘ဒါတွေက ဘာတွေလဲ ဒီနားက အိမ်တွေကို မမြင်ချင်ဘူး’ လို့ပြောလို့ ဖျက်သိမ်းဖို့ စာကျလာတာ၊ ဒီလ ၁၄ ရက် နေ့က ကျလာတာပါ။ စာကျထားတဲ့အိမ် အလုံး ၅၀ ရှိတယ်။ ကိုယ့်အစီအစဉ်နဲ့ ကိုဖျက်ဖို့ ညွှန်ကြား ထားတယ်၊ ၂၂ ရက်နောက်ဆုံးထားဖျက်ပေးရမှာ၊ မဖျက်ပေးရင် ၂၂ ရက်ကျော်တာနဲ့ ဘူဒိုဇာနဲ့ ရွာရှိ အိမ်အကုန် ထိုးဖျက်မယ်လို့လည်း ခြိမ်းခြောက်ထားတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရှင်းပြ သည်။
အဆိုပါ ဇီးပင်ကြီးကျေးရွာသည် အိမ်ခြေ ၃၀၀ ခန့်ရှိသည့် ကျေးရွာဖြစ်ပြီး ဖျက်ဆီးခံရမည့်နေအိမ် ပိုင်ရှင်များအနေဖြင့် မဖျက်ဆီးပါက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းပေါ်တွင်ကျူးကျော်အိမ်ဆောက် လုပ်နေထိုင်ခြင်း ဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ခြိမ်းခြောက်စာတွင် ဖော် ပြထားသည်။
Thanlwin Myanmar Media