ဧရာဝတီမြစ်အတိုင်းဆန်တက်လာသော စစ်သင်္ဘောအုပ်စုကို ဖြတ်တောက်တ တိုက်ခိုက်မှု စစ်သင်္ဘော ၁ စီးနှင့် တွန်းသင်္ဘော ၂ စီးမီးလောင်ပျက်စီးကာ တွန်းသင်္ဘော ၁ စီးရေထဲနစ်မြုပ်
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၂၀
မန္တလေးမြို့ဂေါဝိန်ဆိပ်ကမ်းမှ ဆန်တက်လာသော စစ်သင်္ဘောအုပ်စုကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၁ စီး၊ တွဲသင်္ဘော ၂ စီးမီးလောင်ပျက်စီးကာ တွန်းသင်္ဘော ၁ စီးရေထဲနစ်မြှုပ်သွား ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ထံမှ သိရသည်။
ဇူလိုင်လ ၁၇ ရက်နေ့က မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ စတင်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန် တက်လာသော စစ်ကောင်စီ၏ စစ်သင်္ဘော ၅ စီးပါ စုစုပေါင်းသင်္ဘော ၁၄ စီးအုပ်စုကို ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (မန္တလေး) တပ်ဖွဲ့မှ မတ္တရာမြို့နယ် ၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်း မြို့နယ် တို့အတွင်းရှိ မြစ်ကြောင်းတလျှောက်၌ ဖြတ်တောက် ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုများအတွင်း လက်နက်ခဲယမ်းနှင့်ရိက္ခာများတင်ဆောင်ထားသော တွဲတွန်း သင်္ဘော ၁ စီး နစ်မြှုပ်သွားခဲ့ပြီး စစ်သင်္ဘော ၁ စီးနှင့် အခြားတွန်းသင်္ဘော ၂ စီးတို့ မီးလောင် ပျက်စီးမှုများ ပြားခဲ့ကြောင်း သိရသည်။
“မတ္တရာ ၊ စဉ့်ကူး ၊ သပိတ်ကျင်း မြစ်ကြောင်းတစ်လျှောက်မှာ ဖြတ်တောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါ တယ်။ တစ်စီးကတော့ လုံးဝ နစ်သွားတယ် ၊ မီးလောက်သွားတဲ့ သင်္ဘောတွေကိုတော့ ဘေးနှစ်ဖက် ကနေ ညှပ်ဆွဲ တွဲခေါ်ပြီး ဆန်တက်သွားတယ်။ မီးလောင်ပျက်စီးတာ တော်တော်များတယ်။ ရိက္ခာ နဲ့ ခဲယမ်းပျက်စီးဆုံးရှုးမှုများနိုင်ပြီး အထိနာတယ်လို ပြောလိုရတယ်။ အထက်ဘက်ကိုတော့ ဆက် လက် ဆန်တက်သွားပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ထပ်မံဖြတ်တောက်ဖို့ ကြိုစားနေတာတော့ ရှိပါ တယ်။ အထိနာထားတော့ စစ်ကောင်စီအနေနဲ့ ရည်မှန်းချက်ကို ရောက်ရှိဖို့ မလွယ်ကူနိုင်ဘူးလို့ ပြောလို့ရပါတယ်” ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ကိုအော်စမွန်က ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီ၏ စစ်သင်္ဘောအုပ် အထက်သို့ဆန်တက်ရာ၌ မြစ်ကြောင်းတစ်လျှောက် တွင် Y-12 လေယာဉ်များဖြင့် ထပ်ကြပ်မကွာ ဗုံးကြဲစောင့်ရှောက်ပေးခဲ့ပြီး ဂျက်ဖိုက်တာ ၊ Mi-35 များ ဖြင့် အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့သို့ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေသည့်ကြားမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media