မြင်းခြံမြို့နယ်တွင် ပျူအထိုင်စခန်းကို ဝင်ရောက်ခိုက်ခိုက်မှု ပျူ ၂ ဦးသေဆုံးပြီးစစ်အသုံးအဆောင် ပစ္စည်းအချို့ သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၁၆
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လယ်သစ်ရွာ ပျူစောထီးအထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူ စောထီး ၂ ဦးသေဆုံးပြီး စစ်အသုံးအဆောင် ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကြယ် တစ်ပွင့်အဖွဲ့ထံမှ သိရသည်။
ယနေ့ ဇူလိုင်လ ၁၆ ရက် မွန်းတည့် ၁၂ နာရီခန့်က မြင်းခြံမြို့နယ်၊ လယ်ကျေးရွာ ပျူစောထီး အထိုင်း အတွင်း မူးယစ်ဆေးဝါးသုံးစွဲနေသည့် ပျူစောထီး ၁၀ ဦးကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန် အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်နေစဉ် မြင်းခြံမြို့ပေါ်မှ ရိက္ခာပို့ရန် ထွက် ခွာလာသည့် လိုက်ထရပ်ကန်တာ အမျိုးအစား ရိက္ခာပို့ကားတစ်စီးဝင်ရောက်လာသဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ကြက်ဝိုင်းဆေးချနေတဲ့အချိန် ဝင်စီးတာ၊ အင်အားက ၁၀ ယောက်လောက်ပဲရှိတာ၊ ၂ ယောက် သေ တယ်၊ အဲဒီအချိန်မှာ စခန်းထဲဝင်လာတဲ့ကားကိုပါ ပစ်ခတ်တိုက်ခိုက်တဲ့တာ၊ စခ တွေ လည်းပါတယ်၊ ရိက္ခာပို့လာတဲ့ကားပါ၊ ကားတော့မသိမ်းနိုင်ခဲ့ဘူး။ တပ်နှစ်ခုကြားဆိုတော့ ကားကို သိမ်းဖို့က မလွယ် ဘူး၊ အချိန်မရတော့ ပစ္စည်းတွေပဲ သိမ်းလာခဲ့တာ။” ပြည်သူ့ကြယ်တစ်ပွင့်အဖွဲ့မှ ဗိုလ်မိုက်ခဲက ပြော ကြားသည်။
ယင်းတိုက်ခိုက်မှုအတွင်း ပျူစောထီး ၂ ဦးသေဆုံးကာလက်ပစ်ဗုံး ၂ လုံး၊ကျည်ဘောက် ၂ ဘောက် နှင့် ရိက္ခာပစ္စည်းပုံး တစ်ပုံးသိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကြယ်တစ်ပွင့်အဖွဲ့မှ ရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂ ရက်နေ့က တူရွှင်းဘို့ရွာ တိုက်ပွဲအတွင်းကျဆုံးသွားသော ရဲဘော်အတွက် လက်စားချေတုန့် ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media