Mandalay News

Mandalay News

သပိတ်ကျင်းမြို့နယ်တွင်စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်မှု ၁၀ နှစ်အောက် ကလေးငယ် ၄ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၅

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ်အောက် ကလေးငယ် ၄ ဦးသေဆုံးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၁၄ ရက် ညနေ ၅ နာရီ ၅ မိနစ်က သပိတ်ကျင်းမြို့နယ်၊ ဖော့တော့လမ်းခွဲနေရာ အနီးကို အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော K-8 W အမျိုးအစား ဂျက် ဖိုက်တာတစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

အလားတူ ညနေ ၅ နာရီ ၁၈ မိနစ်တွင် သပိတ်ကျင်းမြို့နယ်၊ ပိုးဇာရွာ ချပ်စ် ကျောင်းအနီး နေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံး ထပ်မံကျဲချ ခဲ့ရာ အသက် ၁၀ နှစ်အောက် ကလေးငယ် ၄ ဦး သေဆုံးပြီး အသက် ၇၀ အရွယ် အမျိုးသမီး ၁ ဦး နှင့် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဖော့တောလမ်းခွဲမှာက ထိခိုက်မှုမရှိဘူး။ ပိုးဇာရွာမှာက ကလေးငယ် ၄ ယောက်သေတယ်၊ ၂ ယောက် ဒဏ်ရာရတယ်။ ပေါင် ၅၀၀ ဗုံးကျဲချတာ၊ နေအိမ် ၁ လုံးမီးလောင်ပြာကျသွားတယ်၊ နေအိမ် ၄ လုံးနဲ့ ကား ၂ စီးပျက်စီးတယ်၊” ဟု ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းနှင့်ပြန် ကြားရေးတာဝန်ခံက ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာ ကျေးရွာများ၊ စစ်ဘေးရှောင်စခန်းများ၊ ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက် နေသောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ဝေးရာတွင်နေထိုင် ကြရန် ၊ လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက် ပုန်းခိုကျင်းများ ခိုင်ခိုင်မာမာ တူးထားကြရန် တိုက် တွန်း နှိုးဆော်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
AA News

AA News

အထက်အရာရှိများ၏ နှိပ်စက်ခြင်းခံနေရသော စစ်မှုထမ်းတပ်သားများအနေဖြင့် ဘက်ပြောင်းခိုလှု ကြရန် အာရက္ခတပ်တော် -AA တိုက်တွန်း   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၆   အထက်အရာရှိများ၏ နှိပ်စက်ညှင်းပန်းမှုခံနေရသော စစ်မှုထမ်းတပ်သားများအနေဖြင့် ဘက်ပြောင်း ခိုလှုံကြရန် အာရက္ခတပ်တော် -AA က ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့တွင်...