Mandalay News

Mandalay News

မိုးကုတ်မြို့ စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၆ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံးပျက်စီး

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၄

 

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ပန်းမထိပ်နေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံးပျက်စီးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၁၃ ရက် ည ၁၁ နာရီခန့်က မိုးကုတ်မြို့အရှေ့ပိုင်း ပန်းမထိပ်နေရာကို အကြမ်း ဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ တစ်စီးဖြင့် ပေါင် ၅၀၀ ဗုံး တစ်လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။

 

အကြမ်းဖက် စစ်ကောင်စီတပ်က အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာ စစ်ဘေးရှောင်စခန်းများ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့်လူနေရပ်ကွက်များအတွင်းကို ပစ်မှတ် ထား၍ လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် စစ် ကောင်စီ နှင့် ဝေးရာတွင်နေထိုင်ကြရန်၊ လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက် ပုန်းခိုကျင်းများ ခိုင်ခိုင်မာမာ တူးထားကြရန် တိုက်တွန်း နှိုးဆော်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားအံမြို့နယ်၊ ဖားဘော်ရွာလေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

ဖားအံမြို့နယ်၊ ဖားဘော်ရွာလေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၂ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ဒူးသထူခရိုင်၊ ဖားအံမြို့ နယ်၊ ဖားဘော်ရွာလေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အ သက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး ၁၇ ဦး...